အပျော်မယ်ခေါ်ပြီး ဘာမှမပါပဲ ထူးထူးဆန်းဆန်း ဒါတွေ လုပ်ခိုင်းတဲ့သူတွေလည်း ရှိသေးတယ်တဲ့
ဖာသည်ခေါ်ပြီး ဘာမှမဘာပဲ ဒီလိုတွေ လုပ်ခိုင်းတာတော့ တကယ့်အံ့သြဖွယ်ပါပဲ..။

တစ်ခါတစ်ရံမှာ လူတွေရဲ့အပြုအမူဟာ သာမာန်ထက် ပိုထူးခြားလှပါတယ်။ ဒီမှာတော့ နိုင်ငံအရပ်ရပ်က လိင်လုပ်သားတွေရင်ဖွင့်ထားတဲ့ သူတို့ဖောက်သည်တွေဆီက တောင်းဆိုခံရသော ထူးဆန်းတဲ့ ဝန်ဆောင်မှု့အချို့အကြောင်း ဖြစ်ပါတယ်။

၁ – ဆေးကျောင်းသား

လိင်လုပ်သမတစ်ဦး တစ်ခါကကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ ပျော်တော်ဆက်ဖို့ သူ့ကိုခေါ်ခဲ့သူက ဆေးကျောင်းသားလေးတစ်ဦးဖြစ်ပြီး သူကိုအိမ်ပြန်လွှတ်သည်အထိ ထိုကျောင်းသားလေးက သူ့ကိုဘာဆိုဘာမှ မဘာခဲ့ပါဘူး။ သူ့ကိုကိုယ်တုံးလုံးချွတ်စေပြီး သူ့ခန္ဓာကိုအစိတ်အပိုင်းတွေ၊ အာခံတွင်းတွေကို အသေးစိတ်ကြည့်လို့ သူ့အိမ်စာကိုလုပ်ရင်း သူ့ရဲ့ခန္ဓာဗေဒကို လေ့လာနေတော့တာပါ။ အဲ့ဒီအချိန်မှာတော့ သူဟာအံ့သြသလို၊ ရယ်လည်းရယ်ချင်နေခဲ့ပြီး ငွေကိုလွယ်လွယ်ရခဲ့တဲ့ အခိုက်အတံ့လို့ ဆိုရမှာပါ။

၂ – ရည်းစားဟောင်းကိုလွမ်းလို့

တစ်ခါက ကြုံတွေ့ခဲ့ရတဲ့ ဖောက်သည်တစ်ဦးကတော့ သူရဲ့ရည်းစားဟောင်းဓါတ်ပုံကိုပြပြီး သူမကို သူ့ရဲ့ရည်းစားဟောင်းပုံစံ ဝတ်ဆင်စေခဲ့ပါတယ်။ ဒါဟာအနည်းငယ်တော့ ထူးဆန်းပေမယ့် သူနဲ့စကားအနည်းငယ်ပြောပြီးတဲ့နောက် သူ့မှာ ရည်းစားဟောင်းနဲ့ ပတ်သတ်ပြီး ပြင်းထန်တဲ့ခံစားချက်အချို့ရှိခဲ့ကြောင်း သိခဲ့ရပါတယ်။ သူမတို့နှစ်ဦး ချစ်တင်းနှောနေစဉ်အတွင်းမှာလည်း ရည်းစားဟောင်းနဲ့အတူ ဘယ်လိုပျော်ပါးခဲ့လည်းဆိုတာ ပြန်လည်စမြုံ့ပြန်ရင်း တမ်းတနေတော့တာပါပဲ။

၃ – ပိုးဟပ်တွေကို တက်နင်းစမ်း

အသက် ၄၀ အရွယ် ယောက်ျားကြီးတစ်ဦးရဲ့ အာသီသကလည်း ထူးထူးခြားခြားပါပဲလို့ သူမကရင်ဖွင့်ပါတယ်။ သူက ကျွန်မကို ဒေါက်ဖိနပ်ချွန်ချွန်တစ်ခု၊ မီနီစကတ်နဲ့ ခါးပြတ်စွပ်ကျယ်တစ်ခုကို ဦးစွာဝတ်စေပါတယ်။

အဲ့ဒီနောက်သူဟာ သူယူလာတဲ့ စက္ကူပုံးကြီးကို ဖွင့်လိုက်တော့ အထဲမှာ ပိုးဟပ်တွေအများကြီး တွေ့ရပြီး အဲ့ဒီပိုးဟပ်တွေကို ကြမ်းပေါ်ချလို့ ကျွန်မကို ဒေါက်ဖိနပ်နဲ့ ပိုးဟပ်တွေကို လိုက်နင်းစေချင်တာပါ။ သူကတော့ Sexy ကျတဲ့ ကျွန်မပုံစံနဲ့ ပိုးဟပ်တွေလိုက်နင်းတာကို အရသာခံပြီး ကြည့်နေတယ်လေ။ ဒီထပ်ပိုပြီးသူ့ကို ဘာမှထပ်လုပ်ပေးစရာ မလိုခဲ့ပဲ လွယ်လွယ်နဲ့ ငွေရှာလို့ရခဲ့ပါတယ်။

၎ – ချစ်ခြင်းရယ်ပြိုင်

တစ်ခေါက်ကတွေ့ရတဲ့ ယူကေက စုံတွဲကလည်း ထူးခြားတဲ့အတွေ့အကြုံကိုပေးပါတယ်။ သူတို့စုံတွဲနှစ်ဦး ချစ်တင်းနှောဆက်ဆံနေတာကို ထိုင်ကြည့်စေပြီး စိတ်ကိုကြွစေမယ့် ညစ်ညမ်းစကားတွေကို ဘေးကနေပြောစေပါတယ်။ ထို့နောက်မှာလည်း ကျွန်မကို ကိုယ်တိုင်အာသာဖြေစေပြီး သူတို့နှစ်ဦးက ထိုင်ကြည့်ကြကာ အရသာခံနေပါတော့တယ်။

၅ – မိန်းမလျှာလေး

ကြုံတွေ့ခဲ့ရသမျှထဲမှာ မှတ်မှတ်ရရ ငြင်းပယ်လိုက်ရတဲ့ ကောင်လေးတစ်ဦးက အသက် ၁၈ နှစ်ခန့်သာ ရှိပါသေးတယ်။ ဒါဟာသူ့ရဲ့ ပထမဆုံးအကြိမ်လည်းဖြစ်ပုံရပါတယ်။ လူပုံကပိန်ပိန်သွယ်သွယ်နဲ့ဖြစ်ပြီး သူ့ကြည့်ရတာလည်း မသက်မသာနဲ့မို့ စကားနည်းနည်းပြောကြည့်တဲ့အခါ သူ့ရဲ့အကိုက ဒီလိုလုပ်ဖို့ အတင်းခြိမ်းခြောက်တိုက်တွန်းတာဖြစ်ပြီး သူကအမှန်တကယ်တော့ လိင်တူချစ်သူ မိန်းမလျှာလေး တစ်ဦးဖြစ်လို့နေတာပါ။ သူ့အခက်အခဲနဲ့သူမို့ သူနဲ့ကိစ္စဖြစ်ဖို့ ငြင်းပယ်ခဲ့ရပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: H.H
#