ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လိုအပ်တဲ့ ဟန်းနီးမွန်းခရီး
ဟန်းနီးမွန်းခရီးလေးအတွက် နေရာရွေးချယ်တဲ့အချိန်မှာလည်း သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်နဲ့ ကာမိမယ့်နေရာမျိုးကိုပဲ ရွေးချယ်တတ်ပါစေနော်။

မင်္ဂလာမောင်နှံလေးတွေတိုင်းကတော့ မင်္ဂလာပွဲလေးကို အကောင်းဆုံး ပြုလုပ်ပြီးတဲ့ အချိန်မှာ သိပ်ချစ်ရတဲ့ ချစ်သူလေးကနေ အိမ်ထောင်ဖက် အဖြစ် ပူပူနွေးနွေးပြောင်းလဲသွားတဲ့ အချစ်ရဆုံးသူ လက်ကိုတွဲပြီး ဟန်းနီးမွန်းခရီးလေးမှာ အပန်းဖြေသွားရောက်တတ်ပါတယ်။ ဒီလို ဟန်းနီးမွန်း အချိန်လေးမှာ ပျော်စရာတွေ ပြည့်ပြီး ကြည်နူးဖို့အတွက်ကတော့ လိုလေသေးမရှိအောင် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လိုအပ်ပါတယ်။ ကြိုတင် ပြင်ဆင်ရမယ့်အထဲက အရေးအကြီးဆုံးလို့ ဆိုရမယ့် ကုန်ကျစရိတ်လေး အကြောင်းကို Marry က ပြောပြပေးချင်ပါတယ်။

လိုအပ်တာထက် ပိုတွက်ချက်ထားပါ
ခရီးသွားတယ် ဆိုကတည်းက ကုန်ကျစရိတ်ကတော့ အကြမ်းဖျင်း တွက်ချက်ထားတဲ့အရာတွေထက် ပိုကုန်ကျတတ်တာ များပါတယ်။ လိုအပ်တဲ့ ကုန်ကျစရိတ်ထက် ပိုတွက်ချက်ထားဖို့ အရေးကြီးပါတယ်။ ဒါမှ အရေးပေါ် လိုအပ်လာတဲ့အချိန်မှာ အဆင်သင့် ဖြစ်နေမှာပါ။ ကွက်တိ ပြုလုပ်ထားတယ် ဆိုတာကတော့ အရေးရယ် အကြောင်းရယ် ဖြစ်လာတဲ့အချိန်မှာ အဆင်မပြေမှုတွေကို ဖြစ်ပေါ်စေနိုင်မှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့အရာထက်ကို ပိုတွက်ချက်ထားပါနော်။

နေရာရွေးတဲ့အချိန် တတ်နိုင်တဲ့နေရာကို ရွေးပါ
မင်္ဂလာဦးမှာ သွားတဲ့ ပထမဆုံး ခရီးလေး ဖြစ်သလို မင်္ဂလာပွဲရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေဖို့ အတွက် အပန်းဖြေ သွားတဲ့ခရီးလေးလည်း ဖြစ်တဲ့အတွက် အဆင်မပြေမှုတွေ မဖြစ်ပေါ်အောင် ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ ဟန်းနီးမွန်းခရီးလေးအတွက် နေရာရွေးချယ်တဲ့အချိန်မှာလည်း သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်နဲ့ ကာမိမယ့်နေရာမျိုးကိုပဲ ရွေးချယ်တတ်ပါစေနော်။ သွားချင်တဲ့နေရာက ကုန်ကျစရိတ် အများကြီး ကုန်ကျမယ့်နေရာမျိုးကို လိုအပ်မယ့်ပမာဏ ကွက်တိပဲ ပြင်ဆင်ပြီး လောက်မှာပါ။

ဒီလောက်ပဲ တတ်နိုင်လို့ ဆိုတာမျိုးကို လုံးဝ ရှောင်ရှားရမှာပါ။ တကယ်တန်း ကုန်ကျမယ့် ပမာဏထက် ပိုစုဆောင်းနိုင်မယ့်နေရာမျိုးကိုပဲ ဟန်းနီးမွန်းခရီးလေးအတွက် ရွေးချယ်ပေးပါနော်။ မလောက်မင ဖြစ်တာမျိုး ချွေတာရတာမျိုးတို့ကတော့ မင်္ဂလာဦးလေး အစရဲ့ အပြည့်အဝ ပျော်ရွှင်မှုကို အဟန့်အတား ဖြစ်စေနိုင်လို့ပါ။

Marry ပြောပြပေးထားတာလေးကို ဖတ်ကြည့်ပေးပြီး ဟန်းနီးမွန်းခရီးလေးမှာ အိမ်ထောင်ရေး နေ့ရက်လေးတွေရဲ့ အစဦးလေးကို ကြည်နူးခြင်းတွေ ပျော်ရွှင်မှုလေးတွေနဲ့ အစပြုလိုက်နိုင်ဖို့ ဝေမျှပေးလိုက်ရပါတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: Marr