ဆရာဇင်ယော်နီ တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁၈ အောက်တိုဘာ ၈ မှ ၁၄)
တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ကြုံရတတ်ပါတယ်။ လက်ရှိလုပ်ငန်း ကို တိုးချဲ့တာပဲဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာ၊ အသစ်စတာပဲဖြစ်ဖြစ် အောင်မြင်နိုင်ပါတယ်။

ရပ်ဝေးက အဆက်အသွယ်ကောင်းတွေ ပေါ်လာတတ်ပါတယ်။ နေရာထိုင်ခင်းကိစ၊ အဆောက်အဦးကိစအတွက်တော့ စိတ်ညစ်ရတတ်တယ်။ ဆရာသမား လိုပုဂိုလ်တွေ၊ ကြီးကဲသူတွေနဲ့ အခန့်မသင့်ဖြစ်တတ်တယ် ပညာရေးကိစ၊ သင်တန်းကိစတွေမှာ အထစ် အငေါ့အနှောက်အယှက် များနေတတ်ပါတယ်။ ပြနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ အိမ်သူအိမ်သားအချင်းချင်း စကားများ ရန်ဖြစ်ရတတ် တယ်။

အချစ်ရေးအိမ်ထောင်ရေးမှာလည်း ကြီးကဲသူတွေကိုအကြောင်းပြုပြီး အဆင်မပြေကြီးစွာ ဖြစ် တတ်တယ်။ ရပ်ဝေကပစည်းတွေ ဝင်တတ်တယ်။ ခက်ခဲထစ်ငေါ့နေတဲ့ အရောင်းအဝယ်ကိစတွေ အောင် မြင်သွားမယ်မိတ်ဆွေရင်းတွေရဲ့ ထိရောက်သောအကူအညီကောင်းတွေ ရရှိမယ်။ နိုင်ငံရပ်ခြားကိုထွက်ဖို့ ကြိုးစားနေတဲ့ ဆွေမျိုးသားချင်းတွေ အဆင်ပြေမယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်လူနာဧည့်သည်ကို ကူညီရတတ်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်းထဲက ကြီးကဲသူတစ်ဦး အမှုအခင်းကြုံတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၉။ ကံ၏အပံ့အပိုးရရှိရန် မိတ်ဆွေများကို မုန့်ဟင်းခါး လှူပါလေ။

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ ဖြစ်နေမယ်။ အိမ်မကပ်ချင်ဘဲ ဖြစ်နေမယ်။ လုပ်သမျှ ပြောသမျှ အဆင်မပြေဖြစ်နေတတ်ပါတယ်။ မနာလိုသူ နှောက်ယှက်သူလည်း အလွန်ပေါမယ်အထူးသဖြင့် ဆွေမျိုးရင်းတွေကြောင့် စိတှုပ်ရတတ်တဲ့ ကာလမျိုးပါပဲ။ အိမ်ကိစ၊ နေရာကိစအစီအစဉ်တွေလည်း လွဲချော်သွားတတ်ပါတယ်။ မိတ်ဆွေရင်းတွေက မကောင်းမြင် အထင်လွဲကြလိမ့်မယ်။ ပစည်းတစ်ခု ဝယ်ဖို့ရောင်းဖို့ကိစ မတင်မကျကြီးဖြစ်နေမယ်။ အောက်လက်ငယ်သားတွေ အိမ်က ထွက်သွားတတ်တယ် စကားများဖြေရှင်းရတာ၊ မတော်တဆ ထိခိုက်မိတာမျိုးတွေလည်း ကြုံ ရတတ်ပါတယ်။ ပြည်တွင်းပြည်ပခရီးကိစတွေ ထစ်ငေါ့နေတတ်ပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာတော့ စိတ်ချမ်းမြေ့စရာတွေ ကြုံလာမယ်။ ဝမ်းသာစရာ စာတွေ၊ အဆက်အသွယ်တွေ ရောက်လာတတ်တယ်။ ပညာရေးကိစ၊ သင်တန်းကိစတွေ အခြေအနေကောင်းကြုံ မယ်။ ဆရာကောင်း၊ သမားကောင်းတွေ တွေ့တတ်တယ်။

ပညာကောင်းတွေ ရတတ်ပါတယ်။ ငွေရေးကြေးရေး အထစ်အငေါ့တွေ အဆင်ပြေသွားမယ်။ ရပ်ထားရတဲ့အလုပ်တွေ၊ လုပ်ငန်း အဟောင်းတွေ ပြန်လုပ်ရတတ်ပါတယ်။ ဆံှုံးးပြီလို့ထင်ထားတဲ့အရာတွေ ပြန်ရလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၁/၅။ ကံ၏အပံ့အပိုးရရှိရန် မိတ်ဆွေများကို အုန်းနို့ခေါက်ဆွဲလှူပါလေ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ အလုပ်ကိစ၊ ငွေကိစတွေမှာ အပျက်အစီး အဆုံးအှုံးများတတ်တယ်။ သေချာစီစဉ်ထားတဲ့ကိစတွေ လွဲချော်ကုန်တတ်ပါတယ်။ သဘာဝ ဘေးအနရာယ်တွေ သတိထားပါ။ မီး၊ လျှပ်စစ် စတာတွေ ဒုကပေးတတ်ပါတယ်။ ကြီးကဲသူတွေနဲ့ စိတ်သဘောကွဲတာ၊ စိတ်ညစ်စရာဧည့်သည်ရောက်လာတာ၊ မျက်မှန်နဲ့လူက ဒုကပေးတာ၊ အချစ်ရေးအိမ်ထောင်ရေးမှာ ဘေးကဝငှုပ်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။

ပညာရေး ကိစ၊ သင်တန်းကိစတွေ မတင်မကျဖြစ်နေတတ်ပါတယ်။ ငွေဆုံးတာ၊ြွေကးတင်တာ၊ သူခိုးခိုးခံ ရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အလှူမင်္ဂလာတစ်ခုကိုအကြောင်းပြုပြီး စိတ်ညစ်ရတတ်တယ်။ ရပ်ဝေးက ဝမ်းသာစရာဧည့်သည်တွေ ရောက်လာမယ် အဖိုးတန်ပစည်း၊ အဝယ်အရောင်းကိစ အောင်မြင်မယ်။ နေရာထိုင်ခင်းကိစ၊ အဆောက်အဦးကိစတွေမှာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးတွေ ကြုံလာမယ်။ အောက်လက်ငယ်သားတွေအတွက် ဝမ်းမြောက်ကြည်နူးရလိမ့်မယ်။

နှစ်ရှည်လများ ခံစားနေရတဲ့ ရောဂါဝေဒနာတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ အရေး ကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပျက်ဆီးပျောက်ဆုံးတတ်ပါတယ်။ စာချုပ်ကိစ၊ စာရင်းဇယားကိစ တွေ မှားယွင်းတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၃/၇။ ကံ၏အပံ့အပိုးရရှိရန် ကြီးကဲသူများကို ဆေးဝါးလှူပါလေ။

ဗုဒဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ နာမည်ဂုဏ်သတင်း တိုးတက်တာ၊ ရာထူးတက်သလိုမျိုးတွေ ကြုံတတ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ ပြင်ဆင်မွမ်းမံရတာတွေ လုပ်ရတတ်ပါတယ်။ အဖိုးတန်ပစည်းတွေ ပျက်တတ်ပျောက်တတ်ပါတယ်လူမှုရေး၊ စီးပွားရေး အလုပ်ကိစတွေမှာ မိန်းမတစ်ယောက် ဝငှုပ်လာတတ်တယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း တစ်ဦးနဲ့တစ်ဦး စိတ်သဘောကြီးစွာ ကွဲတတ်ပါတယ်။ ကြီးကဲသူများ နဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် အဆင်ပြေသွားမယ်။

ပညာရေးကိစ၊ သင်တန်းကိစတွေမှာလည်း စိတ်နှစ် ခွဖြစ်စရာတွေ မတင်မကျအခြေအနေတွေ ကြုံလာတတ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်။ ကွဲကွာနေတဲ့ မိတ်ဆွေမောင်နှမတွေနဲ့ အမှတ်မထင်ပြန်ဆုံမယ်။

အလုပ်နေရာ၊ အိမ်နေရာ ကောင်းသော ပြင်ဆင်ပြောင်းရွှေ့ရတတ်ပါတယ်။ အောက်လက်ငယ်သား မင်္ဂလာကိစစီစဉ်ရတာ၊ အိမ်သူ အိမ်သားထဲက ထီပေါက်တာ၊ ငွေရေးကြေးရေးကိစတွေ တို့လို့တန်းလန်းဖြစ်တာ၊ ကျန်းမာရေးအတွက် ငွေကုန်များရတာတွေ ကြုံရတတ်ပါတယ်။ သေသေချာချာ ကျကျနနစီစဉ်ထားတဲ့ အစီအစဉ်တစ်ခုကတော့ လွဲသွား၊ ပျက်သွားတတ် တယ်။

တစ်စုံတစ်ယောက်ရဲ့ မဆင်မခြင် မိုက်မဲမှုကြောင့် ကိုယ့်မှာ ထိခိုက်နစ်နာရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် ကြီးကဲသူများကို ထီးလှူပါလေ။

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ တမင်ရန်စ နှောက်ယှက်တာ၊ ဖျက်လိုဖျက်ဆီးလုပ်တာတွေ ခံရတတ်ပါတယ်။ အတို့အထောင် ချောက်တွန်းခံရတတ် တယ်။ သူတစ်ပါးပြနာဟာ ကိုယ့်ပြနာဖြစ်သွားတတ်တဲ့ အချိန်မျိုးပါပဲ။ မြစ်နား၊ ချောင်းနား၊ ကန်နားကလူတွေကို သတိထားဖို့လိုပါတယ်မိသားစုအတွင်းမှာ ဘေးစကားကြောင့် သွေးကွဲရတတ်ပါတယ်။ လူကြီးသူမတွေက အထင်လွဲကြလိမ့်မယ်။ စိတ်ညစ်စရာဧည့်သည် ရောက်လာ တတ်ပါတယ်။ ခက်ခဲကြန့်ကြာနေတဲ့ အရောင်းအဝယ်ကိစကတော့ အဆင်ပြေသွားလိမ့်မယ်ကုန်ရောင်းတာ၊ ကုန်ဝယ်တာ၊ ကုန်လှောင်တာတွေ အကျိုးအမြတ်များမယ့် အချိန်ပါပဲ။ လူရင်းထဲက နိုင်ငံခြားခရီးစီစဉ်နေသူ အဆင်ပြေ အောင်မြင်မယ်။ ပညာရေးကိစ၊ သင်တန်းကိစတွေကတော့ မသေမချာဖြစ်ရတတ်တယ်။

စီးပွားရေး လုပ်ငန်းတွေမှာ ဘာအခက်အခဲပဲကြုံကြုံ တိုးချဲ့ပြီး လုပ်သွားသင့်ပါတယ်။ ကျန်းမာရေးအတွက်တော့ ငွေကုန်ကြေးကျများတတ်တယ်။ အရေးအကြီး စာရွက်စာတမ်း တွေ ပျက်စီးပျောက်ဆုံးတတ်တယ်။ ငွေဆုံးတာပျောက်တာ ဖြစ်တတ်တယ်။

အလှူပွဲ၊ မင်္ဂလာပွဲတစ်ခုကို အကြောင်းပြုပြီး ပြနာတွေ ပေါ်လာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၂/၆။ ကံ၏အပံ့အပိုးရရှိရန် ကလေးများကို ခေါက်ဆွဲကြော်လှူပါလေ။

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ ကံနည်းနည်းကလေး ညံ့တယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ စိတ်ကတော့ အလွန်ညစ်ရမယ်။

လုပ်သမျှကြံသမျှ အလွဲလွဲအချော်ချော်ဖြစ်နေမယ်။ စိတ်တိုင်းမကျစရာတွေ ကြုံနေမယ်။ အလုပ်လည်း မနားရအောငှ်ုပ်မယ်။ ကိုယ့်ကိစထက် သူတစ်ပါးရဲ့ကိစတွေက ပိုပြှီုးပ်နေ တတ်တယ်။ အရေးကြီးတဲ့အလုပ်တွေ လစ်ဟင်းချွတ်ချော်သွားတတ်ပါတယ်။

အလုပ်မှာ အထစ်အငေါ့ တွေ များတတ်တယ်။ ပစည်းတစ်ခုအတွက် ငြင်းခုန်ဖြေရှင်းရတတ်တယ်။ လက်ဝတ်ရတနာတွေ ထွက်တတ်တယ်။ မိတ်ဆွေ၊ မောင်နှမတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး စိတှုပ်ရလိမ့်မယ်အဆောက်အဦးကိစ၊ နေရာကိစ အပြောင်းအရွှေ့ကိစတွေ အဆင်ပြေအောင်မြင်မယ်။ အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာရမယ်။

အပူလောင်တာ၊ ဓာတ်လိုက်တာ၊ အဖိုးတန်ပစည်းတွေ ပျက်စီးဆံှုံးးတာ၊ သူခိုးခိုးခံရတာတွေ ကြုံတတ်ပါတယ်။ မိဘဆရာသမားတို့ရဲ့ အမြင်မကြည်မလင်ခြင်းကို ခံရတတ်တယ်။ ပညာရေး၊ သင်တန်း အစီအစဉ်တွေမှာ စိတ်မပါဘဲဖြစ်လာမယ်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာဖွယ် သတင်းကောင်းတွေ ကြားရတတ်တယ်။ ပျော်ရွှင်ဖွယ်ခရီးတွေ သွားရတတ်တယ်ဝမ်းသာစရာ စာတွေ၊ သတင်းတွေ ရောက်လာတတ်ပါတယ်။ ငွေရေးကြေးရေးအတွက်လည်း အင်မတန် စိတ်ချမ်းသာရမယ်။ မဖြစ်စလောက်နဲ့ ပြင်းပြင်းထန်ထန် ဖြေရှင်းရတတ်တာကိုတော့ သတိပြုသင့်ပါတယ်။

ကံအကျိုးပေးဂဏန်း ၁/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုန်းတော်ကြီးကို ငွေ ၅ ဂဏန်းလှူပါလေ။

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ၊ မတင်မကျဖြစ်စရာတွေ တစ်ခုပြီးတစ်ခု ကြုံနေတတ်ပါတယ်။ သေချာစီစဉ်ထားတဲ့
နစ်နာဆံှုံးးခြင်းတွေ
မိသားစုအတွင်းမှာ
စိတှုပ်ရလိမ့်မယ်။ မိန်းမကြီးတစ်ယောက် ဝငှုပ်နေတတ်ပါတယ်။

ရပ်ဝေးက မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ ရောက်လာတတ်တယ်။ သူတို့ဆီမှာ သတင်းကောင်း၊ အဆက်အသွယ်ကောင်းတွေ ပါလာတတ်တယ်။ ဆရာသမားလို ပုဂိုလ်တွေက အကူအညီကောင်းပေးလာမယ်ရပ်ဝေးနဲ့ပတ်သက်ပြီး ငွေဝင်တာ၊ ငွေကိစခရီးသွားရတာ၊ ထီပေါက်သလို ငွေဝင်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ အလှူပွဲ၊ မင်္ဂလာပွဲကိစတွေအတွက် စိတ်ညစ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားတာလေးတွေ ကြုံပြီးတဲ့နောက် အဆင်ပြေသွားပါလိမ့်မယ်ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ကြည်နူးဝမ်းသာစရာတွေကြုံလာမယ်။ ရည်၇ွယ်ချက်ကြီးတွေ အောင်မြင်မယ်။

ပညာရေးကိစ၊ သင်တန်းကိစတွေ အဆင်ပြေအောင်မြင်မယ်။ ဝမ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ ကျန်းမာရေးညံ့တတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၁/၆။

ကံ၏အပံ့အပိုးရရှိရန် မြတ်စွာဘုရားမှာ သပြေ ၂၁ ညွန့် လှူဒါန်းပါလေ။

သဗ္ဗေဓမ္မာ ဇင်ယော်နီ

ဖိုးသူတော် (www.phothutaw.com)
Credit: Red Dot Network
#