မြန်မာနိုင်ငံရဲ့ အမေနေ့ ဖြစ်ပေါ်လာပုံ...!
ဆရာကြီးဦးသုခက ဦးဆောင်လှုံ့ဆော်ခဲ့ပါတယ်။ယနေ့ (ပြာသိုလပြည့်)ဟာ မြန်မာနိုင်ရဲ့ အမေနေ့ ဖြစ်ပါတယ်။ မိခင်ရဲ့ကြီးမားလှတဲ့မေတ္တာကို ဖော်ညွှန်းပြီး မိခင်မေတ္တာ
 ကျေးဇူးတရားကို အောက်မေ့သိတတ်တဲ့အနေနဲ့ အမေကို ဂါရဝပြုကြတဲ့နေ့လည်း ဖြစ်ပါတယ်။ အမေ့ကို လက်ဆောင်တွေပေးကြ၊ အမေပျော်ရွှင်အောင် ဂရုစိုက်ပေးကြသလို ဖေ့စ်ဘွတ်ပေါ်မှာလည်း အမေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ကြတဲ့နေ့ပါ။

အမေနေ့ရယ်လို့ ဖြစ်ပေါ်လာတာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခက စတင်ခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၅ ခုနှစ် ပြာသိုလပြည့်နေ့က မန္တလေးမှာ အမေနေ့အမှတ်တရအဖြစ် ဆရာကြီးဦးသုခက စာပေဟောပြောခဲ့ပြီး မိခင်မေတ္တာအကြောင်းတွေကို ဖွဲ့နွဲ့ကာ သူ့ရဲ့အမေအကြောင်းကိုလည်း ထည့်သွင်းပြောခဲ့ရာကနေ မြန်မာနိုင်ငံရဲ့ အမေနေ့ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။
  Related image
 ပြာသိုလဟာ မြန်မာနိုင်ငံမှာ အချမ်းဆုံးရာသီဥတုလည်းဖြစ်တာနဲ့အညီ မိခင်မေတ္တာရဲ့အေးချမ်းမှုကိုကိုယ်စားပြုတဲ့အနေနဲ့ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ကိုလည်း ဆရာကြီးဦးသုခက ဦးဆောင်လှုံ့ဆော်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဆရာကြီးရဲ့တိုက်တွန်းမှုနဲ့ ပြာသိုလပြည့်နေ့မှာ စာရေးဆရာချစ်စံဝင်းက အမေနေ့အမှတ်တရ စာပေဟောပြောပွဲကို ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။
Image result for mother love
ယနေ့အချိန်ထိအောင် ပြာသိုလပြည့်နေ့တိုင်းအမေနေ့အမှတ်တရစာပေဟောပြောပွဲတွေ ပြုလုပ်နေကြ
သလိုသားသမီးတွေကလည်းမိခင်ကိုဂါရဝပြုရင်းလက်ဆောင်တွေလည်း ပေးအပ်ကြတဲ့အလေ့
အထကောင်းကို ပြုလုပ်ကာ အမေနေ့ကို ဆင်နွှဲနေကြပါတယ်။ ကမ္ဘာ့အမေများနေ့ကတော့ မေလရဲ့ ဒုတိယမြောက်တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ယင်းနေ့မှာလည်း အမေများနေ့အမှတ်တရအဖြစ် ပါဝင်ဆင်နွှဲကြပါတယ်။


Link: http://www.duwun.com.mm/lifestyle/relationships/-id6036007.html?utm_source=facebook&utm_medium=social&utm_content=art-aa-2017-1-12

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun