ရာသီခွင်အလိုက် ခွင့်မလွှတ်နိုင်လောက်အောင် မုန်းတတ်တဲ့ အမူအကျင့်များ
လူတစ်ယောက်နဲ့တစ်ယောက် စိတ်နေစိတ်ထား၊ အကျင့်စရိုက်နဲ့ အကြိုက်တွေက မတူကြပါဘူး။ အဲ့ဒီလိုပဲ လူတိုင်းမှာ လုံးဝခွင့်မလွှတ်နိုင်အောင် မုန်းတဲ့အရာတွေ ရှိတတ်ကြပါတယ်။ ရာသီခွင်အလိုက် ခွင့်မလွှတ်နိုင်အောင် မုန်းတဲ့အရာတွေကို ဖော်ပြလိုက်ပါတယ်။

Aries (Mar 21 – April 20)
အရာအားလုံးကို ခွင့်လွှတ်နိုင်ပေမယ့် သစ္စာဖောက်တာ၊ ကတိမတည်တာကိုတော့ လုံးဝခွင့်မလွှတ်နိုင်ပါဘူး။

Taurus (April 21 – May 20)
Advertisement

ကိုယ့်အမှားကိုယ်ဝန်မခံဘဲ ခေါင်းရှောင်နေတာမျိုး သိပ်မုန်းပါတယ်။

Gemini (May 21 – June 21)
နေရာတကာ လျှို့ဝှက်လွန်းနေတာမျိုးကို မကြိုက်ပါဘူး။

Cancer (June 22 – July 22)
သူတို့ကို လှောင်ရယ်တာ၊ အလွန်အကျွံ စနောက်တာမျိုးကို သိပ်မုန်းတာပါ။

Leo (July 23 – Aug 23)
သူချစ်ခင်ရတဲ့ တစ်ယောက်ယောက်ကို နာကျင်အောင် လာလုပ်ရင် လုံးဝခွင့်မလွှတ်တော့ပါဘူး။

Virgo (Aug 24 – Sep 23)
လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားတာလာရင် ခွင့်လွှတ်မှာ မဟုတ်ဘူးနော်။

Libra (Sep 24 – Oct 23)
သူငယ်ချင်းတွေ၊ မိသားစုဝင်တွေရှေ့မှာ သူ့ကို အရှက်ခွဲရင် တစ်သက်လုံးခွင့်မလွှတ်နိုင်ပါဘူးတဲ့။

Scorpio (Oct 24 – Nov 22)
လိမ်ညာတာကို မုန်းလွန်းလို့၊ သူတို့ကို လိမ်ရင် ဘာမှတော့မပြောပေမယ့် အဲ့ဒီလူကို ဘယ်တော့မှ မယုံကြည်တော့ပါဘူး။

Sagittarius (Nov 23 – Dec 21)
ဝေဖန်ခံရတာကို သိပ်မုန်းတာပါ။ သူ့အကြောင်းဝေဖန်ပြောဆိုတတ်တဲ့သူတွေကို ခွင့်လွှတ်ဖို့ ခက်ပါတယ်။

Capricorn (Dec 22 – Jan 20)
သူ့ရဲ့ ရည်မှန်းချက်၊ အိပ်မက်တွေနဲ့ပတ်သက်လို့ လှောင်ပြောင်တာကို သည်းခံမှာမဟုတ်ပါဘူး။

Aquarius (Jan 21 – Feb 18)
သူ့ကို ပိုင်စိုးပိုင်နင်းအမူအရာတွေ သွားမလုပ်နဲ့နော်၊ ခွင့်လွှတ်မှာ မဟုတ်ဘူး။

Pisces (Feb 19 – Mar 18)
ရိုင်းစိုင်း၊ ကြမ်းတမ်းတဲ့ အပြောအဆို၊ အမူအရာတွေကို အရမ်းမုန်းပါတယ်။ သူတို့ကို အဲ့ဒီလိုဆက်ဆံရင် လုံးဝခွင့်မလွှတ်နိုင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: MAY THAZINHTOO