၂၀၂၀ ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ အရာ (၃၀)
ဂဏန်းတွက်စက်တွေ၊ နှိုးစက်နာရီတွေနဲ့ ဒီဂျစ်တယ်ကင်မရာတွေလို တစ်မျိုးတည်းသုံးထုတ်ကုန်တွေဟာ စမတ်ဖုန်းတွေနဲ့ အစားထိုးခံခဲ့ရသလို ဖုန်းအားသွင်းကြိုးတွေ၊ ကြိုးပါတဲ့ နားကြပ်တွေကလည်း wireless မော်ဒယ်တွေကြောင့် တဖြည်းဖြည်း ပျောက်ကွယ်နေပါပြီ။ သတင်းစာတွေ၊ မဂ္ဂဇင်းတွေနဲ့ မြေပုံတွေဟာလည်း ဒီဂျစ်တယ်ဘက်ကို ကူးပြောင်းနေကြပါပြီ။

၂၀၂၀ ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ အရာ (၃၀) ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) ပုံနှိပ်မဂ္ဂဇင်းများ
Teen Vogue နဲ့ Nylon တို့ဟာ print edition တွေကိုရပ်ဆိုင်းပြီး အွန်လိုင်းသီးသန့်ပဲ လုပ်ကိုင်နေတဲ့ နောက်ဆုံးပေါ် မဂ္ဂဇင်းတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်း လိုက်လံလုပ်ဆောင်မယ့် အခြားသော မဂ္ဂဇင်းတွေလည်း ထပ်မံပေါ်ထွက်လာနိုင်ပါတယ်။

(၂) သတင်းစာများ
ပုံနှိပ်သတင်းစာတွေကလည်း မဂ္ဂဇင်းတွေရဲ့ အခြေအနေအတိုင်း တွေ့ကြုံရဖို့ရှိပါတယ်။
(၃) ဒီဂျစ်တယ်ကင်မရာများ
အခုအခါ ဖုန်းကင်မရာတွေက ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို HD နဲ့ရိုက်ကူးနိုင်နေပြီ ဖြစ်တဲ့အတွက် ဒီဂျစ်တယ်ကင်မရာတွေရဲ့ကဏ္ဍက တဖြည်းဖြည်း ပျောက်ကွယ်နေပြီ ဖြစ်ပါတယ်။

(၄) Hard drive များ
မကြာခင်မှာ လူတိုင်းက သူတို့ရဲ့အချက်အလက်တွေကို “cloud” ပေါ်မှာ သိမ်းဆည်းတော့မှာဖြစ်တဲ့အတွက် physical storage device တွေ လိုအပ်တော့မှာ မဟုတ်ပါဘူး။
(၅) Thumb drive များ
Thumb drive တွေဟာ အချက်အလက်တွေကို အိတ်ကပ်ထဲထည့်ပြီး သယ်ဆောင်ရာမှာ အဆင်ပြေစေပေမယ့် cloud computing ကြောင့် အချက်အလက်တွေကို ဒီနည်းအတိုင်း သယ်ဆောင်ဖို့ မလိုတော့ပါဘူး။

(၆) မြေပုံစာရွက်များ
Google Maps ပေါ်က step-by-step လမ်းညွှန်ချက်တွေကြောင့် မြေပုံစာရွက်တွေကိုလည်း လိုအပ်တော့မှာ မဟုတ်ပါဘူး။


(၇) သီးခြား GPS ထုတ်ကုန်များ
ဖုန်းတွေက GPS ထုတ်ကုန်တွေရဲ့ လုပ်ဆောင်ချက်အားလုံးကို တစ်သွေမတိမ်း လုပ်ဆောင်ပေးနိုင်ပါတယ်။
(၈) ရုံးစာလုပ်ငန်း
Google Docs နဲ့ digital signature တွေက စံသတ်မှတ်ချက် ဖြစ်လာတာကြောင့် စာချုပ်တွေ၊ ဆေးကုသမှုဆိုင်ရာမှတ်တမ်းတွေနဲ့ အခြား စာရွက်စာတမ်းတွေကို အသုံးပြုမှုတွေက ရပ်တန့်သွားရတော့မှာ ဖြစ်ပါတယ်။

(၉) ဖက်စ်များ
ဖက်စ်တွေဟာ ဟိုးအရင်ကတည်းက ပျောက်ကွယ်သင့်နေတာပါ။ ရုံးစာလုပ်ငန်းတွေ ပျောက်ကွယ်သွားတာနဲ့ ဒီစက်တွေကို မလိုအပ်တော့ပါဘူး။
(၁၀) CD များ
Streaming ဝန်ဆောင်မှုတွေကြောင့် သီချင်းတွေကို CD နဲ့ ဝယ်ယူမှုက ရှားပါးသွားပါလိမ့်မယ်။


(၁၁) DVD နဲ့ Blu-ray player များ
Netflix လို movie streaming ဝန်ဆောင်မှုတွေဟာလည်း DVD နဲ့ Blu-ray player တွေကို တဖြည်းဖြည်း ပျောက်ကွက်သွားစေ ပါလိမ့်မယ်။
(၁၂) ငွေတောင်းခံလွှာများ
စာတိုက်ကနေ ပေးပို့တဲ့ ငွေတောင်းခံလွှာတွေဟာ အွန်လိုင်းငွေချေစနစ်တွေနဲ့ app တွေကြောင့် အတိတ်မှာကျန်ရစ်ခဲ့တဲ့ အရာတစ်ခု ဖြစ်နေပါပြီ။ မကြာခင်မှာ ကွန်ပျူတာနဲ့ ဖုန်းပေါ်ကနေ click အနည်းငယ်နှိပ်ရုံနဲ့ ကျသင့်ငွေတွေကို ပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။

(၁၃) ဂဏန်းတွက်စက်များ
ဖုန်းအများစုမှာ ဂဏန်းတွက်စက်တစ်ခု built in ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အလုပ်စားပွဲပေါ်မှာ သီးသန့် ဂဏန်းတွက်စက်တစ်ခု လိုအပ်တော့မှာ မဟုတ်ပါဘူး။


(၁၄) နှိုးစက်နာရီများ
ဖုန်းအများစုမှာ alarm clock, stopwatch နဲ့ timer တို့ built in ပါဝင်ပါတယ်။
(၁၅) Analog နာရီများ
စမတ်နာရီတွေဟာ စမတ်ဖုန်းတွေကိုကျော်တက်ဖို့ အသင့်မဖြစ်သေးပေမယ့် analog နာရီတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်နေပါပြီ။

(၁၆) ကြိုးဖုန်းများ
၂၀၁၆ ခုနှစ်ဟာ အမေရိကန်က အိမ်အများစုမှာ ကြိုးဖုန်းမရှိတော့တဲ့ ပထမဆုံးနှစ်ဖြစ်တယ်လို့ Center for Disease Control က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အတွင်းရှိတဲ့ အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းကျော်က ကြိုးမဲ့စနစ်ကိုသာ သုံးစွဲကြတယ်လို့ ဆိုပါတယ်။

(၁၇) အခပေးဖုန်းများ
AT&T ဟာ ၂၀၀၇ ခုနှစ်က အခပေးဖုန်းဈေးကွက်ကနေ ထွက်ခွာခဲ့ပါတယ်။ အခုဆိုရင် လူတိုင်းမှာ ဆဲလ်ဖုန်းတွေ ရှိနေကြပါပြီ။
(၁၈) ဖုန်းပေါ်က ခလုတ်များ
၂၀၁၇ နိုဝင်ဘာ ၃ ရက်မှာ ဖြန့်ချိခဲ့တဲ့ iPhone X ဟာ home ခလုတ်မပါဝင်တဲ့ ပထမဆုံး iPhone ဖြစ်ပါတယ်။ အချို့ Android ဖုန်းတွေမှာလည်း home ခလုတ်တွေကို ဖယ်ရှားထားပါတယ်။

(၁၉) မှီငြမ်းစာအုပ်များ
သုံးစွဲသူတွေရဲ့ လက်ဖျားထိပ်တွေမှာ အင်တာနက်က အချိန်ပြည့်ရှိနေတာကြောင့် အဘိဓာန်တွေနဲ့ စွယ်စုံကျမ်းတွေကို မလိုအပ်တော့ပါဘူး။
(၂၀) ချက်လက်မှတ်စာအုပ်များ
အွန်လိုင်းဘဏ်စနစ်တွေနဲ့ Apple Pay တို့လို တီထွင်ဆန်းသစ်မှုတွေကြောင့် ချက်လက်မှတ်တွေမှာ ရေးသားတာက ငြီးငွေ့စရာအလုပ်တစ်ခု ဖြစ်နေပါပြီ။ အနာဂတ်ရဲ့ ငွေကြေးစနစ်ဟာ ဒီဂျစ်တယ်စနစ်ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။

(၂၁) Password များ
ဒီနှစ်မှာ Apple က FaceID ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ Microsoft ကလည်း Windows Hello facial recognition စနစ်ကို ၂၀၁၅ ခုနှစ်ကတည်းက လုပ်ဆောင်နေပါတယ်။ ဇီဝဗေဒဆိုင်ရာ password တွေက စံသတ်မှတ်ချက်ဖြစ်လာတော့မယ့်အတွက်ကြောင့် အက္ခရာတွေ၊ ဂဏန်းတွေနဲ့ အထူးအက္ခရာတွေကို မလိုတော့ပါဘူး။
(၂၂) Remote control များ
အသံနဲ့ စေခိုင်းမှုတွေ၊ စမတ်ဖုန်း control တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာကြောင့် remote ရှာဖွေရတာတွေ၊ ဘက်ထရီလဲလှယ်တာတွေ လုပ်ဖို့မလိုတော့ပါဘူး။

(၂၃) ကြိုးပါတဲ့ နားကြပ်များ
Apple ရဲ့ AirPods နဲ့ Bluetooth နားကြပ်တွေကြောင့် နားကြပ်ပေါက်ရဲ့ နေ့ရက်တွေက ကုန်ဆုံးလုနီးနေပါပြီ။
(၂၄) အားသွင်းကြိုးများ
Charging pad တွေပါဝင်တဲ့ ကြိုးမဲ့စနစ် အားသွင်းစက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါပြီ။

(၂၅) ကားပါကင် မီတာများ
နေရာအတော်များများမှာ app ကနေတစ်ဆင့် ကားရပ်နားခတွေကို ပေးချေနိုင်နေပါပြီ။
(၂၆) ထောက်ပံ့ပို့ဆောင်ရေး ဝန်ထမ်းများ
လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ယာဉ်မောင်း ၃.၁ သန်းနီးပါးဟာ သူတို့ရဲ့အလုပ်တွေကို အလိုအလျောက် စနစ်သုံးယာဉ်တွေနဲ့ လုပ်ဆောင်ရနိုင်တယ်လို့ အိမ်ဖြူတော်က ၂၀၁၆ ခုနှစ်မှာ ဟောကိန်းထုတ်ခဲ့ပါတယ်။ အခုဆိုရင် Amazon ရဲ့ Prime Air drone delivery servie က ဖောက်သည်တွေဆီကို မိနစ် ၃၀ အတွင်း ကုန်ပစ္စည်းတွေ ပေးပို့နေပါပြီ။

(၂၇) ကားသော့များ
BMW မှာ ကားပိုင်ရှင်တွေက သော့မလိုဘဲ တံခါးဖွင့်နိုင်မယ့် app တစ်မျိုး ရှိပါတယ်။ ဒါ့အပြင် ကားသော့တွေနေရာမှာ မိုဘိုင်းဖုန်း app တွေနဲ့ အစားထိုးမယ့်အကြောင်းကိုလည်း စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။
(၂၈) ခရီးသွားအေဂျင်စီများ
၂၀၀၀ ခုနှစ်က အမေရိကန်မှာ အချိန်ပြည့် ခရီးသွားအေးဂျင့် ၁၂၄,၀၀၀ ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဲ့ဒီအရေအတွက်က ၇၄,၀၀၀ အထိ ကျဆင်းသွားခဲ့ပါတယ်။ အင်တာနက်ကို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ခြင်းက ခရီးသွားအေဂျင်စီတွေရဲ့ နယ်ပယ်ကို ကျဉ်းမြောင်းစေခဲ့ပါတယ်။

(၂၉) ဖတ်စာအုပ်များ
ဖတ်စာအုပ်တွေဟာ ဈေးကြီးသလို လေးလံပါတယ်။ Scholastic ရဲ့အဆိုအရ အဆင့်မြင့်ပညာရေးတွေမှာ e-textbook တွေကို အဓိကထား အသုံးပြုနေကြပြီလို့ သိရပါတယ်။
(၃၀) ပြေစာ စာရွက်များ
ပြေစာ စာရွက်တွေဟာလည်း ဒီဂျစ်တယ်ပြေစာအဖြစ် ပြောင်းလဲနေပါပြီ။ ရောင်းချသူ အများအပြားကလည်း ပြေစာတွေကို email ကနေတစ်ဆင့် ပေးပို့နေကြပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:http://www.mmcelesmedia.com
#