အမျိုးသမီးတွေဟာ Single ဘဝမှာ ပိုပျော်ကြောင်း လေ့လာမှု အသစ်တွေ့ရှိ
ဒီနေ့ခေတ်ရဲ့ လူမှုဘဝမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးပါလာသလို နေရာပေးမှုတွေနဲ့ အလေးထားလာကြပါတယ်။

အမျိုးသမီးတွေဟာ ပျော်ရွှင်ကောင်းမွန်စွာနဲ့ နေရဖို့ အားကိုးအားထား ယောက်ျားသား ရှိဖို့လိုသလို အခက်အခဲတွေကို အတူတူ မျှဝေခံစားဖို့ ကောင်းမွန်တဲ့

လက်တွဲဖော်လည်းလိုအပ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတွေ့ရှိထားတဲ့ စစ်တမ်းတစ်ခုအရ အမျိုးသမီးတွေဟာ Single ဘဝမှာပိုပျော်ပါတယ်တဲ့။


ယူကေရဲ့ လန်ဒန် အခြေစိုက် Mintel ရဲ့ Single ဘဝကို ဖြတ်သန်းနေသူတွေအကြောင်းကို သုတေသန ပြုလုပ်ထားတဲ့ စစ်တမ်းတစ်ခုမှာ Single

အမျိုးသမီးတွေဟာ RS အမျိုးသမီးတွေထက် (၆၅) ရာခိုင်နှုန်းပိုပျော်ပြီး အမျိုးသားတွေကတော့ (၄၉) ရာခိုင်နှုန်းလောက်ကပဲ ပျော်ပါတယ်တဲ့။

ဆိုလိုတာကတော့ ယောက်ျားတွေဟာ RS နဲ့ဆိုရင် အမျိုးသမီးတွေထက် ပိုပျော်တယ်လို့ပြောချင်တာပါ။
ဒါပေမဲ့ အဲ့လိုပြောလိုက်လို့ လက်တွဲဖော်ကို ရှာတဲ့နေရာမှာတော့ ကွာမယ်ထင်ရပေမဲ့ တကယ်တမ်းကျတော့ အမျိုးသမီး Single လူထု (၇၀) ရာခိုင်နှုန်းလောက်က

RS မရှာဘဲ နေနေချိန်မှာ အမျိုးသားကလည်း (၆၅) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်တဲ့။

ထင်ရတာကတော့ ယောက်ျားလေးတွေက ရည်းစားစကား အရင်စပြောရလို့ နည်းနည်းပိုသွားတာ ဖြစ်နိုင်ပါတယ်။


Mintel ကဆက်ပြောထားတာက အမျိုးသမီးတွေဟာ တစ်ယောက်တည်းနေချိန်မှာ ပိုပြီး လုပ်နိုင်စွမ်း အခွင့်အရေးများတဲ့အတွက် အများစုက Single ဘဝမှာ

ပိုပျော်ကြတာဖြစ်နိုင်ပါတယ်တဲ့။ ဥပမာ အိမ်အလုပ်ကို အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ အိမ်ရှင်မက ပိုပြီးနိုင်သလိုပေါ့။ ဒါပေမဲ့ လုံခြုံမှု ရှိသလို ခံစားရတဲ့

ခံစားမှုမှာတော့ RS ရှိသူတွေက Single တွေထက် တစ်ဝက်လောက်ပိုပြီး ရာခိုင်နှုန်းပိုများပါတယ်တဲ့။

ကဲ MyanmarNote ရဲ့ Single Lady လေးတွေ ပျော် နေတာ မှန်ပေမဲ့ လုံခြုံမှု ရှိချင်ရင်တော့ RS ချိတ်လိုက်တော့နော်..
ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
#