၂၀၁၆ ခုနှစ်အတွင်းကျပ်ငွေ (၇၅.၆) ဘီလီယံကျော် တန်ဖိုးရှိသော အိမ်ခြံမြေများ ရောင်းချနိုင်ခဲ့...!
၂၀၁၆ ခုနှစ်အတွင်း အိမ်ခြံမြေ အရောင်းပြပွဲများမှ ကျပ်ငွေ (၇၅.၆) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၅၆ သန်းကျော်) တန်ဖိုးရှိသော ကွန်ဒို၊တိုက်ခန်း၊လုံးချင်းအိမ်၊ မြေကွက်များကို ရောင်းချပေးနိုင်ခဲ့ကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

“ကျွန်တော်တို့ iMyanmarHouse.com ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာအိမ်ခြံမြေအရောင်းပြပွဲကြီးများကို
 ရန်ကုန်မှာ နှစ်ကြိမ်၊ မန္တလေးမှာ တစ်ကြိမ်နဲ့ စင်္ကာပူမှာတစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် iGreen၊ Golden City၊ ကန်သာယာ၊ ဒီဇင်ဘာ သီရိဂေဟာ အစရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းများနဲ့လည်း ပူးပေါင်းပြီး အရောင်းပွဲ (၁၀) ပွဲကျော်ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြုလုပ်ထားတဲ့ စာရင်းများအရ ဒီလိုအရောင်းပြပွဲများကနေ ၂၀၁၆ ခုနှစ်အတွင်း ကျပ်ငွေ (၇၅.၆) ဘီလီယံကျော်တန်ဖိုးရှိတဲ့တိုက်ခန်းတွေ၊ကွန်ဒိုတွေ၊ မြေကွက်တွေကို ရောင်းချနိုင်ခဲ့ပါတယ်။”ဟု iMyanmarHouse.com ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းကျပ်ငွေ (၇၅.၆) ဘီလီယံကျော် တန်ဖိုးရှိသော အိမ်ခြံမြေများ ရောင်းချနိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com

“အိမ်ခြံမြေဈေးကွက် အနေအထားကတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး ပြန်လည်သက်ဝင်
 လှုပ်ရှားလာတာကို တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေပိုမိုတိုးတက်လာ
တာနဲ့အတူ အိမ်ခြံမြေဈေးကွက်ပါ ပိုမိုကောင်းမွန်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးကျပ်သိန်းတစ်ရာကျော်မှ နှစ်ရာအထိရှိတဲ့တန်ဖိုးနည်းအိမ်ရာတွေကိုလည်း
 များများအကောင်အထည်ဖော်ပြီးအများပြည်သူတွေကို ရောင်းချပေးနိုင်အောင်လည်းကြိုးစားနေပါတယ်။
ဒီလိုလုပ်ပေးနိုင်မှ နိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်မယ်ဆိုတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်မှာပါ'' ဟုဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:: iMyanmarHouse.com