(၄၅) ခေါက် (၄၅) ရက်တိတိ အဓိဌာန်ရမည့် အိမ်တွင်း စီးပွားတက် လာဘ်ပွင့်ဂါထာ

နံနက် နေမထွက်မီ အိပ်ရာမှ ထ၍ ကိုယ်လက်သန့်စင်ပါ
ညအိပ်ဝတ်သော အဝတ်များကို အဝတ်သစ် လဲ၍ ဝတ်ပါ
မြတ်စွာဘုရားအား သောက်တော်ရေ ပန်း ဆွမ်းများ ဆက်ကပ်ပါ
ဧဟိ မိတ္တံ ဧဟိ ဓနံ ဧဟိ လာဘံ
ဧဟိ သုခံ ဧဟိ ဇေယျံ ဧဟိ မင်္ဂလံ
သဗ္ဗသိဒ္ဓိ ဒေဟိ ဒေဟိ
ဧဟိ= လာလော့
မိတ္တံ= မိတ်ဆွေ
ဓနံ= ဓန
လာဘံ= လာဒ်လာဘ
သုခံ= ချမ်းသာခြင်း
ဇေယျံ= ရန်ကင်းခြင်း
မင်္ဂလံ= မင်္ဂလာအပေါင်း
သဗ္ဗ= အလုံးစုံ
သိဒ္ဓိ= ပြည့်စုံသော အစွမ်းကို
ဒေဟိ= ပေးသနားတော်မူပါ
ဤ ဂါထာတော်ကို ၄၅ ခေါက်ရွတ်ဖတ် ပူဇော်ပါ။
ညနေ ၆ နာရီနောက်ပိုင်း နေဝင်လုဆဲ အချိန်တွင် ဆီမီး ၉ တိုင်ကပ်လှူပူဇော်ပါ။
ဤ ဂါထာတော်ကို ၄၅ ခေါက်ရွတ်ဖတ် ပူဇော်ပါ။
၄၅ရက်တိတိ ဓိဌာန်၍ ပြုလုပ်ပါ
လာဘ်လာဘငွေကြေးများဝင်လာပါလိမ့်မည်
လုပ်ငန်းများ တိုးတက် အဆင်ပြေလာပါလိမ့်မည်
အောင်မြင်မှုများ ရရှိလာပါလိမ့်မည်
ဖိုးသူတော် (www.phothutaw.com)
Credit: မူရင်း
#