၂၀၁၈-ခုနှစ် မြန်မာလအလိုက် တစ်နှစ်စာဟောစာတမ်းကြီး
2018 ခုနှစ်သစ်မှာမိမိကံကြမ္မာအကြောင်းတရားလေးတွေသိရအောင်မြန်မာလအလိုက်မွေးဖွားသူများအတွက် (၁)နှစ်စာဟောစာတမ်းနှင့်ဆောင်ရန်ရှောင်ရန်များကို ဆရာမင်းသုခကိုယ်တိုင်တွက်ချက်ပီး မိမိမွေးလအလိုက်အလွယ်တကူဖတ်ရှုနိုင်ရန်တင်ပေးလိုက်ပါတယ်။

တန်ခူးလမွေးဖွားသူများ

တန်ခူးလတွင်မွေးဖွားသူများသည်ဤနှစ်တွင်ရှေ့ပိုင်း(၆)လတွင်လုပ်ငန်းခွင်တွင်အကြံအစည်းသစ်များ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ကွန်ပျူတာနှင့်တီတွင်ပညာများဆောင်ရွက်ခြင်းကောင်း၏။ အသေးစားချေးငွေးလုပ်ငန်း၊ အစုရှယ်ယာဝင်ခြင်း၊ဘဏ်လုပ်ငန်းများကောင်းကျိုးပေးမည်။မိမိလက်အောက်ငယ်သားနှင့်တပည့်များအားအထောက်ပံ့ပေးရခြင်း၊လူမူရေးနှင့်ဘာသာရေးဆိုင်ရာလုပ်ငန်းများတွင်ကိုယ်တိုင်ဦးစီးရခြင်း၊အများသဘောတူညီမှုကြောင့် ကုသိုလ်ရေးလုပ်ငန်းများလုပ်ကိုင်ရမည်။

စာချုပ်စာတမ်း၊ငွေကြေးကိစ္စများလက်မှတ်ရေးထိုးခြင်းဂရုစိုက်ရမည်။ စီးပွားရေးတွင်ရှေ့ပိုင်းတွင်အဆင်ပြေသလိုရှိပြီးနောက်ပိုင်းတွင် အခက်ကြုံမည်။ယခုနှစ်တွင်ဝါဆိုလ၊သီတင်းကျွတ်လ၊ပြာသိုလများတွင် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အောင်မြင်မှုများရရှိမည်၊ပျိုရွယ်သူများစေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာနှင့်အိမ်ထောင်ရေးကိစ္စရပ်များပေါ်ပေါက်မည်။ရည်စားရှိသူများကာလကြာသည့်အခါမယုံကြည်နိုင်လောက်အောင် ပြောင်းလဲမှုများကြုံရကိန်းရှိသည်။အိမ်ထောင်ရှင်များ စိတ်သဘောထား မတိုက်ဆိုင်ခြင်းကြောင့်အဆင်မပြေမှုများခဏခဏဖြစ်မည်၊ ဉာဏဆိုင်ရာပညာရပ်းများတီတွင်ဆန်းသစ်ပညာရပ်များသင်ယူသင့်သည်။သို့သော်ပညာရေးတွင် ခက်ခဲစွာသင်ယူရမည်။ ကျန်းမာရေးတွင် အာရုံကြောအားနည်းခြင်း ၊ထိခိုက်ဒဏ်ရာရခြင်း၊ကိုယ်ခန္ဓာညာဘက်ခြမ်းရောဂါဝင်ခြင်း၊ ခေါင်းမူးခြင်းများဖြစ်တတ်သည်။

ယတြာ➖မိမိမွေးနေ့တွင် သစ္စာပန်း၊ကံကော်ညွန့်(၉)ညွန့်လှူပေးပါ။ဖန်ခွက်ဖြင့်ရေတော်(၅)ခွက်လှူပေးပါ။ဆောင်ရွက်စရာကိစ္စ

ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် အရှေ့အရပ်မျက်နှာမူ၍ မေတ္တာသုတ်(၃)ခေါက်ရွတ်ဆိုပြီးခရီးသွားခြင်း၊ အနီရောင်၊အဖြူရောင်၊အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးဆောင်အဖြစ်အသုံးပြုနိုင်သည်။စိုးမိုးသောအက္ခရာနှင့်ဂဏန်းများ➖(ပ၊ဖ၊စ၊မ၊ည)၊(၃၊၀၊၇၊၂)

ကဆုန်လမွေးဖွားသူများ

ကဆုန်လတွင်မွေးဖွားသူများသည် ဤနှစ်တွင်အခက်အခဲမည်မျှရှိစေဆောင်ရွက်စရာများရှေ့တိုး၍ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။အကြံစည်းသစ်များဆောင်ရွက်ရမည်။နယုန်လ၊ဝါခေါင်လများတွင် လုပ်ငန်းခွင်တွင်သတိတရားရှေ့ရှု၍ဆောင်ရွက်ရမည်။ စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ငွေကြေးချေးငှားခြင်း၊ အစုရှယ်ယာဝင်ခြင်းများကောင်းကျိုးပေးမည်။ မမျှော်လင့်ဘဲငွေကြေးများဝင်တတ်သည်။ညီအကို မောင်နှမနှင့် ဆွေမျိုးများ နှောက်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်၊ခြံ၊မြေ၊ပြုပြင်မှုများကြုံမည်။ပြည်တွင်းပြည်ပခရီးတိုခရီးရှည်များ သွားရကိန်းရှိသည်။ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးပြဿနာများအနှောက်အယှက်များဝင်လာတတ်သည်။အပျော်အပါးလိုက်စားမှုကြောင့်လူမှုရေးပြဿနာများဖြေရှင်းရတတ်သည်။မိမိကြိုးစားသောပညာရေးတွင် ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ဆွေမျိုးသားချင်း ကူညီပံ့ပို့မှုများရရှိမည်။လုပ်ငန်းခွင်တွင် စာမေးပွဲများဖြေဆိုခွင့် အခွင့်လှမ်းကောင်များရရှိမည်။ကျန်းမာရေးတွင် ဗိုက်နာခြင်းသွေးတိုးရောဂါ၊အဖျားအနာ၊ အပူရောဂါများဖြစ်တတ်သည်။

ယတြာ➖ရွှေပန်း၊ငွေပန်း၊လသာပန်းတို့ကိုမိမိမွေးနေ့တိုင်းဘုရားတွင်ပူဇော်ပေးပါ။ ဘုရားစင်တွင်ထီး၊တံခွန်၊ကုက္ကားနှင့်ယပ်တောင်လှူပေပါ။ဆောင်ရွက်စရာကိစ္စ