သင်တွဲနေတဲ့ ချစ်သူဟာ ယောက်ျားပီသသူလားဆိုတာ ဒီအချက်တွေနဲ့သိနိုင်
အားလုံးပြည့်စုံနေတဲ့လူဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ အတွေးမြင်မတူနိုင်တာကြောင့် စိတ်အခန့်မသင့် ၊ စကားများ ရန်ဖြစ်နေရတာပေါ့။ ဒါပေမယ့်လည်း လူတစ်ယောက်ဟာ ဒါမကောင်းပေမယ့် ကျန်တဲ့နေရာမှာ ကောင်းချင်ကောင်းနေပါတယ်။ အပေါ်ယံကိုကြည့်ပြီး သူ့စိတ်ဓာတ်ကို မှန်းလို့မရပါဘူး။ကြာကြာပေါင်းမှ သူ့အကြောင်းကိုသိနိုင်မှာပါ။ ကိုယ်တွဲနေတဲ့ ယောက်ျားပီသသူ ဟုတ်လား၊ မဟုတ်လား ဆိုတာ ဘယ်လိုသိနိုင်မလဲ?


သူ့အကြောင်းပဲ ဂရုစိုက်

တစ်ခုခုဆို မင်းကိစ္စနဲ့ပတ်သတ်ပြီး ဘာဂရုစိုက်မှုမှ မရှိ ။ တွဲသာတွဲနေတယ် ကြင်နာ၊ ဖေးမမှုမရှိရင်
ဘယ်လိုလုပ် ကြည်နူးစရာကောင်းတော့မလဲ။ မိန်းကလေးဆိုမှတော့ ကိုယ့်ကိုဂရုစိုက်တဲ့ယောက်ျားလေးမျိုးကိုပဲ သဘောကျတာပေါ့။ အချိန်ကြာလာတာနဲ့အမျှ သူဟာ မင်းအပေါ်ရိုးလာပြီး စိတ်ဝင်စားမှုမရှိတော့ဘူးဆိုရင် ဒီလိုယောက်ျားမျိုးရှောင်သင့်ပါတယ်။

အနစ်နာမခံတတ်

ယောက်ျားလေးပဲ အနစ်နာခံပေါ့ဆိုပြီး ယောက်ျားလေးကပဲ ခံရမယ်လို့ပြောတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အနစ်နာခံ၊ သည်းခံမှ Rs တစ်ခုဟာလည်း သာယာမှာပါ။ ပြဿနာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဘယ်ကိစ္စမှာမဆို စိတ်မရှည် သည်းမခံတတ်တဲ့ယောက်ျားမျိုးဟာ သင်နဲ့ရေရှည်လက်တွဲလို့ အဆင်ပြေပါ့မလား စဉ်းစားပါဦး။ ယောက်ျားကောင်းပီသသူဟာ ကိုယ့်ချစ်သူမျက်နှာမှာ အပြုံးလေးတစ်ပွင့် လန်းလာဖို့ကို အနစ်နာခံပေးလိုက်တော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ ။

အချိန်ဖြုန်းသူ

ဖြုန်းတဲ့နေရာမှာ ပိုက်ဆံနဲ့ အချိန်ကို ထင်တိုင်းကြဲပြီး ဖြုန်းနေတတ်သူဆို အဆင်မပြေသေးပါဘူး။ မင်းနဲ့ သူ့သူငယ်ချင်းတွေနဲ့ ယှဉ်လာတဲ့အခါ ဟိုဘက်ကို ဦးစားပေးသွားတာမျိုး ၊ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့စာရင်မင်းအတွက် အချိန်မရှိတာမျိုးတွေများလာရင် မဟုတ်သေးပါဘူး။ ယောက်ျားကောင်းဆိုတာ အလုပ်အရမ်းရှုပ်နေရင်တောင် စာလေးပဲဖြစ်ဖြစ်ပို့ပြီးတော့ ချစ်သူစိတ်ချမ်းသာအောင် ထားပေးပါတယ်။ စာလေးတစ်ကြောင်း ၊ နှစ်ကြောင်းပို့ရတာ ဘာမှဝန်လေးတဲ့ကိစ္စမဟုတ်ပါဘူး။ စက္ကန့်ပိုင်းပဲကြာတာပါနော်။

နှုတ်စကား ကြမ်းတမ်း

ဘာမှမဟုတ်လည်း နှုတ်စကားကြမ်းတမ်းတဲ့ ယောက်ျားမျိုးကိုလည်း ရှောင်သင့်ပါတယ်။ အေးဆေးပြောလို့ရတဲ့နေရာမှာ အေးဆေးမရှိပဲ စိတ်မထိန်း ၊ နှုတ်မထိန်းပဲ တောက်လျှောက်လွှတ်နေသူမျိုး ၊ ကိုယ်ကလုပ်တဲ့အမှားက ဘာမှမဟုတ် အပြစ်တင်လို့မဆုံးနိုင်တဲ့ လူမျိုး ။ ဒါတွေဟာ ပေါင်းတာကြာလာရင် သိလာမှာပါ။ အမြဲတမ်း စိတ်ရှုပ်ထွေးနေပြီး သူ့ဟာနဲ့သူတောင် တည်တည်ငြိမ်ငြိမ်မရှိတဲ့ ယောက်ျားမျိုးတွေပေါ့။


ဖိုးသူတော် (www.phothutaw.com)
Credit: Trend