ဖြိုးမြတ်အောင်ကို မီဒီယာကနေ တောင်းပန်လိုက်တဲ့ ကိုကိုလင်းမောင်
ကျတော်ခုလက်တလော ဖေ့ဘုတ်မှာဖြစ်နေတဲ့ကိစ္စကို ပြောရရင် ကျတော်ပြောချင်တဲ့အဓိပ္ပါယ်က ဖြိုးမြတ်အောင်က အင်္ဂလိပ်လိုဆိုထားတဲ့ သီချင်းလေးများရှိရင် ပြကြပါဦးပေါ့နော် မရှိရင်လည်းမရှိဘူး ရှိရင်လည်းရှိတယ်ပေါ့နော် အဲဒါပွင့်ပွင့်လင်းလင်းလေးသိချင်လို့ပါ

နောက်ပြီးတော့ မြန်မာအိုင်ဒေါမှာပြိုင်နေတာကလည်း သူနဲ့ကလေးမလေးနဲ့ (၂) ယောက်ပဲရှိတော့တာဆိုတော့ ကျတော်ဟိုနေ့က အမှတ်မထင် ဖေ့ဘုတ်ထိုင်ကြည့်ရင်းနဲ့ ချမ်းမြေ့မောင်ချိုလေးရဲ့ ဗီဒီယိုတက်လာတာ ကြည့်ရင်းနဲ့ စိတ်ကူးရသွားတာပေါ့နော်

သူတို့နှစ်ယောက်ပဲကျန်တဲ့အချိန်မှာ ချမ်းမြေ့မောင်ချိုကအင်္ဂလိပ်လိုဆိုပြီးတော့ ဖြိုးမြတ်အောင်ဆိုတာတော့ ငါတခါမှမတွေ့ဖူးဘူးလို့ ရှိလားမသိဘူး ငါမေးကြည့်လိုက်ဦးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စချင်နောက်ချင်တဲ့စိတ်လေးလည်း ပါတာပေါ့နော်

ရေးတင်လိုက်ပြီးမှ နောက်မှကျတော်ကသိရတာ ပြသနာတွေဒီလောက်ထိ ပွသွားမယ်လို့ကျတော်က မထင်ဘူးဗျာ။ ပြီးတော့မှ အမျိုးသမီးက အဲလိုတွေတော့ဖြစ်ကုန်ပြီဆိုပြီးလာပြောတယ်။

ဘာလို့အဲလိုရေးလိုက်ရတာလဲတဲ့ ဖြိုးမြတ်အောင်လေးက ပညာရေးအားနည်းတယ်ပေါ့နော် ကျတော်အစကလုံးဝမသိခဲ့ဘူးဗျ အဲ့ကိစ္စကိုလေ ဟာ ဒုက္ခပဲလို့ ငါရေးတာလွန်သွားပြီလားမသိဘူးပေါ့နော်

ကျတော်တကယ်လုံးဝမသိခဲ့တာပါ သူ့ရဲ့ပညာရေးအခြေအနေကို သူကလည်း ရေးထားတယ်ပေါ့နော် အမျိုးသမီးကလည်းဖြိုးမြတ်အောင်ရဲ့ ဖန်ပေါ့နော်။ သူကလည်း ကြည့်နေတာပဲပေါ့နော်။ ဟာ အဲဒါဆိုရင်တော့ ငါ မှားသွားပြီပေါ့နော်။

ကိုယ်ကလည်းစချင်နောက်ချင်တဲ့စိတ်နဲ့ ဒီဘက်ကလည်း ချမ်းမြေ့မောင်ချိုလေးကဆိုတဲ့အခါကျတော့ နောက်ဆုံးဒီနှစ်ယောက်ကျန်တဲ့အခါမှာ အရည်အချင်းဘယ်သူပြည့်ဝလဲပေါ့နော် ကျတော်ကသိချင်တာ အဲ့အတွက် သဘောရိုးနဲ့ရေးလိုက်တာပါ

နောက်ကျမှ သူ့ရဲ့ Weak Point လေးဖြစ်နေတော့ သူ့ရဲ့ ပရိသတ်တွေကလည်း မခံမရပ်နိုင်ဖြစ်ကောင်းဖြစ်မှာပေါ့လေ ဆောရီးပါ ဒါက ကျတော်မသိလိုက်ပဲနဲ့ ပြောလိုက်တဲ့အမှားတစ်ခုဖြစ်သွားတာပေါ့နော် အဲ့အတွက် ညီလေးဖြိုးမြတ်အောင်ကိုလည်း ဆောရီးပါ

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Celebrity Interview & We Love Cele