ကျောက်တန်းမြို့နယ်၊ချောင်းဝကျေးရွာတွင်၊ ​ကျောင်းသား က​လေးငယ်(ကျား)တစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်းအရ
စက်တင်ဘာလ(၁၄)ရက်နေ့နံနက်
(၉:၃၀)နာရီအချိန်ခန့်က၊​တောင်ပိုင်းခရိုင်၊
ကျောက်တန်းမြို့နယ်၊ချောင်းဝကျေးရွာတွင်၊
ကျောင်းသားက​လေးငယ်(ကျား)တစ်ဦး
ကြိုးဆွဲချသေဆုံးကြောင်းသတင်းအရ

၊​ကျောက်တန်းမြို့မစခန်းမှတာဝန်ရှိသူများမှ
ချောင်းဝကျေးရွာရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်
အတူအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေး
ရာသေဆုံးသူမှာချောင်းဝကျေးရွာ​နေ၊
ဦးလှမြင့်+ဒေါ်ရွှေကြည်တို့၏မြေးဖြစ်သူ
မောင်ကျော်မင်းခန့်(၁၃)နှစ်(ဘ)ဇော်မင်းထွေး
(၄)တန်းကျောင်းသား၊​ချောင်းဝကျေးရွာ​နေသူ
သည်​၊​ကျေးရွာစာသင်ကျောင်းသို့နံနက်(၉)နာရီ
အချိန်ခန့်တွင်သွ၊ားရောက်ခဲ့ပြီး၊(၉:၃၀)နာရီ
အချိန်ခန့်တွင်အတန်းပိုင်ဆရာမမှကျောင်းခေါ်
ချိန်ခေါ်ရာ(ကျော်မင်းခန့်)မှာကျောင်းလွယ်အိတ်ထားပြီးနေ အိမ်သို့ပြန်သွား​ကြောင်းသိရသဖြင့်​၊


၎င်းအဖိုးဖြစ်သူဦးလှမြင့်အား၊အကြောင်းကြား၍
နေအိမ်သို့သွားရောက်ခေါ်စဉ်၊​မောင်​​ကျော်မင်း
ခန့်မှာနေအိမ်တွင်းဘုရားစင်ရှေ့ထုတ်တန်း၊
အမြင်(၈)ပေခန့်မှပလတ်စတစ်နိုင်လွန်ကြိုး
(အပြာရောင်)ဖြင့်၊ဆန်ပုံးအဖြူ ​ရောင်ပေါ်တတ်ပြီးကြိုးဆွဲချလျက်​၊လျှာတစ်လစ်၊ပါးစပ်မှသွားရည်များထွက်​လျက်​ကြိုးဆွဲချသေဆုံးနေသည်ကို​တွေ့ရှိရသည်​။

အလောင်းကိုသက်​သေများ​ရှေ့တွင်
စစ်​​ဆေးရာပြင်ပ၊ဒဏ်ရာတစ်စုံတစ်ရာမတွေရှိရ
ကြောင့်​၊ရဲဆေးစာဖြင့်ဓမ္မတာအတိုင်းသေ
ဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေး​​ပေးရန်
ကျောက်တန်းမြို့ပြည်သူ့ဆေးရုံ
သို့ပို့ဆောင်ပြီး၊​သေမှု့သေခင်းအမှတ်စဉ်
(၁၉/၂၀၁၈)ဖြင့်စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဘိုဘို