ဂယက်ထလာပြန်တဲ့ အတု၊အစစ်အငြင်းပွားမှုတွေ အပေါ် စုလှိုင်ဝင်းတုံ့ပြန်
စုလှိုင်ဝင်းကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀ိုင်းရံချင်သူတွေ ၀ိုင်းနေတဲ့ သူလေးပါ။သူမရဲ့ ကျစ်လစ်လှပတဲ့ ကောက်ေ ကြာင်း လှလှကတော့ မိန်းကလေးချင်းတောင် လည်ပြန်ငေးကြည့်ေ လာက်စရာပါ။မြန်မာဝတ်စုံလေး တွေ နဲ့လဲ လိုက်ဖက်သလို ခေတ်ဆန်တဲ့ ၀တ်စုံအလှလေးတွေနဲ့ ဆိုရင်လည်း လိုက်ဖက်တာကိုတွေ့ရပါတယ်။ဒဂုံတက္ကသိုလ် မှာ မြန်မာဝတ်စုံလေးနဲ့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်က သူမကို တဟုန်ထိုး နာမည်ကြီးစေခဲ့တာပါ။သူမရဲ့ ကောက်ကြောင်း အလှ ကို အားလုံး က သတိပြုမိခဲ့တာပါ။

Dancer ၊ model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ သူမဟာ မကြာခဏ ဆိုသလို အက ဗီဒီယိုဖိုင် လေးတွေကိုလဲ တင်ပေးတာကိုတွေ့ရပါတယ်။သြဂုတ် (၃)ရက်နေ့က သူမတင်လိုက်တဲ့ အက ဗီဒီိယိုဖိုင် ထွက်ပေါ် ခဲ့ပြီးနောက်မှာတော့ သူမရဲ့ ကောက်ကြောင်းအလှ၊ တင်ပါး အတု အစစ် ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ထပ်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ဗီဒီယိုဖိုင်ထဲမှာ ကောက်ေ ကြာင်း အလှက ဓါတ်ပုံတွေထဲကလိုပေါ်လွင်မနေဘူး ဆိုပြီး ပြောဆိုခဲ့ကြတာပါ။

စုလှိုင်ဝင်းကတော့ သူမရဲ့ Myday မှာ ပုံတင်ပြီး လူတွေပြောနေကြတဲ့ အတု၊အစစ်ကိစ္စကို ပြန် ရှင်း ပြခဲ့ပါတယ်။

အရင်သူမရဲ့ ဗီဒီယိုဖိုင် အရမ်းကို ပေါက်ခဲ့တုန်းကလဲ ဒီလို ကိစ္စပေါ်ခဲ့ဖူးပါတယ်။အဲ့ဒီတုန်းက သူမဟာ Myanmar Celebrities နဲ့အင်တာဗျူးတစ်ခုမှာ အခုလို ပြန်တုံ့ပြန်ခဲ့ဖူးပါတယ်။

“..fake ဟုတ်မှန်း၊ မဟုတ်မှန်းက အပြင်မှာ မြင်ဖူးမှပဲ သိမှာလေ။ အပြင်မှာ မြင်ဖူးတဲ့သူတွေ..ကိုယ့်သူငယ်ချင်းအချင်း ချင်းကျတော့ သိတယ်။ ဒီလိုမျိုး ကိုယ်နဲ့မခင်တဲ့သူတွေ jealous ၀င်နေတဲ့ သူတွေကျတော့ ဟုတ်၊ဟုတ်၊ မဟုတ် ဟုတ်ဒါကြီးက fake ပဲ သူတို့ ပြောမှာပဲ။ သူတို့ စိတ်ဖြေတာနေမှာပေါ့လေ။ စိတ်ဖြေတယ်ဆိုတာ သူတို့ jealously ကို ဖြေဖို့က ဒါကို fake လို့ သတ်မှတ်မှပဲရမှာလေ။

ညီမ တင်အတုလား အစစ်လား ဆိုတာက ညီမရဲ့ သူငယ်ချင်းတွေ ညီမကို တွေ့ဖူးတဲ့သူတိုင်း မြင်ဖူးတဲ့သူတိုင်း သိပါတယ်။ ဒီလို တင်အတုအစစ်ဆိုတာ ညီမ ရှင်းပြမှာလည်း မဟုတ်ဖူး။ဒီလို တင်အတုလား၊ အစစ်လားဆိုတာကတော့ လာကြည့်မှပဲသိမှာပါပဲ ” လို့ ဖြေခဲ့ပါတယ်။ Myanmar Celebrities ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို စုလှိုင်ဝင်းက Believe it or not! ဆိုတဲ့စာသားနဲ့ သူမရဲ့ fb ပေါ်မှာ ပြန်ရှယ်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popinvdo