အင်း​လေး​ဖောင်​​တော်​ဦး ဘုရား သမိုင်း​ကြောင်း
ညောင်ရွှေမြို့၏ မူလအမည်မှာရှမ်းဘာသာဖြင့်“ယောင်ဝှေ”ဖြစ်သည်။တောင်နှစ်သွယ်ကြားမှကုန်းမြေဟု အဓိပ္ပာယ်ရသည်။ ယောင်ဝှေဟုပြောသော ရှမ်းသံကိုမြန်မာတို့က ညောင်ရွှေဟုကြား၍မှတ်တမ်းတင်
ရေးသား၊ခေါ်ဆိုရာမှညောင်ရွှေဟုအမည်ခေါ်တွင်ခဲ့သည်။သက္ကရာဇ်(၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကို တည်ထောင်ခဲ့သောစော်ဘွားကြီးဆီဆိုင်ဖလက်ထက် လွန်ခဲ့သောနှစ်ပေါင်း(၆၄၄)ခန့်ကာလ၊ ယခု သန်းထောင်ဘုရားနယ်မြေအတွင်းတစ်ခုသောနေရာတွင်ချုံနွယ်ပိတ်ပေါင်းတို့ဖြင့်ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူအတွင်းမှာ ဘုရားဓာတ်တော်၊မွေတော်များရောင်ခြည်ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြသည်။ ထိုအခါစော်ဘွားကြီးဆီဆိုင်ဖ ထံသွားရောက် သတင်းပေး
ကြလေသည်။စော်ဘွားကြီးဆီဆိုင်ဖသည်အားရ၀မ်းသာဖြစ်ပြီးဆွေတော်မျိုးတော်မှူးမတ်တို့နှင့် ပရိတ်သတ်မြောက်မြားစွာခြံရံ၍သန်းထောင်အရပ်သို့ချီတတ်လာကာချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လိုဏ်ဂူကိုတူးဖော်ကြည့်ရာဘုရားရှင်ရုပ်ပွားတော်(၅)ဆူတို့ကိုဖူးမြင်တွေ့ရှိရလေသည်။ ၎င်းရုပ်ပွားတော်ငါးဆူအနက်နှစ်ဆူမှာရဟန္တာပုံတော်ဟုသိရှိရသည်။၎င်းရုပ်ပွားတော်ငါးဆူတို့ကို ဖောင်တော်ဦး ရုပ်ပွားတော်ဟုခေါ်ဝေါ်ခဲ့ကြသည်။ဖောင်တော်ဦးရုပ်ပွားတော်ဟုခေါ်ဆိုရခြင်းအကြောင်းအရင်း မှာကောဇာသက္ကရာဇ် (၄၀၄)ခုနှစ်တွင်မင်းအဖြစ်ရောက်ရှိတော်မူသောပုဂံပြည့်ရှင်နရပတိအလောင်းစည်သူမင်းကြီးသည် သာသနာတော်မြတ်စည်ပင်ပြန့်ပွားထွန်းကားခြင်းကိုလိုလားသောမင်းမြတ်ဖြစ်သည်နှင့်အညီဇမ္ဗူဒိပ်ကျွန်း အလုံးစုံနှံ့အောင်ဖောင်တော်ဖြင့်တိုင်းခန်းလှည့်လည်တော်မူခဲ့ပြီးနောက်သီဟိုဠ်မင်းကဆက်သလိုက်သော သင်းကနတ်ဖောင်တော်ဖြင့်လှည့်လည်ပြန်လာတော်မူရာမလယခေါ်မလ္လာဟုကျွန်းရောက်သို.ရောက်လျှင် (၎င်းကျွန်းသည်အန္ဒိယပြည်မဒရပ်နယ်တောင်ဘက်ပင်လယ်တွင်ရှိ၍အမွှေးနံ့သာ၊ ကရမက်စသည်အလွန်ပေါသည်ဟုသိရသည်။)သိကြားမင်းကဆက်သအပ်နှင်းလိုက်သောအခါ မဟာဗောဓိသားနှင့်တကွသရက္ခန်နံ့သာနှစ်အသားတို့ကိုရုပ်ပွားတော်(၅)ဆူထုလုပ်စေတော်မူပြီးလျှင်
ဖောင်တော်၏ရှေ့ဦးတွင်ပင့်တင်ကိုးကွယ်ယူဆောင်တော်မူလျက်နေပြည်တော်ပုဂံမြို့ သို့ရောက်ရှိတော်မူလေသည်။ဤသို့ဖောင်တော်အရှေ့ဦး၌တင်ယူကိုးကွယ်ခဲ့သောဘုရားဖြစ်ခြင်းကြောင့်
ဖောင်တော်ဦးဘုရားဟုခေါ်ဆိုခြင်းဖြစ်သည်။စော်ဘွားကြီးဆီဆိုင်ဖသည်ယင်းရုပ်ပွားတော်မြတ်(၅)ဆူကို မိမိနေပြည်တော်ညောင်ရွှေမြို့တော်သို့ပင့်ဆောင်ပြီးဟော်နန်းဦးစံပြဿဒ်ပေါ်တွင်ကိုးကွယ်ပူဇော်တော်မူပြီးမှ
နှစ်စဉ်သီတင်းကျွတ်လဆန်း(၇)ရက်သို့ရောက်သော အခါဟော်နန်းဦးစံပြဿဒ်မှအောက်သို့ပင့်ဆောင်တော်မူပြီး လှပတင့်တယ်စွာဆောက်လုပ်ထားသောပြဿဒ်မဏ္ဍပ်အတွင်းကောင်းမွန်စွာ စံထားလျက်ပြည်သူပြည်သားတို့၏အဖူးအမြော်အပူဇော်ခံပွဲသဘင်ကိုခမ်းနားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပတော်မူခြင်းဖြစ်သည်။ဟော်နန်းဦးစံပြဿဒ်ဆောင်မှမြို့တွင်း သို့ကြွဆင်းတော်မူသည်ကိုအစွဲပြု၍လူ့ပြည်သို့ကြွဆင်းလာသောမြတ်စွာဘုရားကို (စ၀်ဖရားလုံးစိုင်း)ဟု ရှမ်းဘာသာဖြင့်ခေါ်တွင်သဖြင့်မူလဖောင်တော်ဦးဟူသောအမည်မှာအခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့လေသည်။ညောင်ရွှေမြို့၌နှစ်ပေါင်း(၂၅၆)နှစ်ကြာ ပွဲတော်များကျင်းပနိုင်ခဲ့၍သက္ကရာဇ်(၉၇၇)ခုနှစ်တွင်ညောင်ရွှေမြို့ကို စိုးစံသောစော်ဘွားမ(စောဝ်နန်းမ၊စောဝ်နန်းဟေး) လက်ထက်ရောက်သောအခါ၎င်းမြို့တော်ပတ်ဝန်းကျင်ရှိအခြားစော်ဘွားမြို့စား
တို့ကမြို့တော်ကိုထိပါးတိုက်ခိုက်နှောင့်ယှက်ဝေဖန်မှုများသောကြောင့် ဗုဒ္ဓဘာသာရှမ်းမြန်မာတို့အထွတ်အထိပ်ဖြစ်သော ယင်းဖောင်တော်ဦးရုပ်ပွားတော်(၅)ဆူတို့ကိုစစ်ဘေး၊စစ်ဒဏ်ရန်အန္တရာယ်ကင်းရှင်းရာဖြစ်သော
ညောင်ရွှေနယ်ရွှေအင်းတိမ်ဘုရားကြီး၏အရံစောင့်ကျွန်သီးတော်တို့အား(၁၂)မှုမင်းရေးကိစ္စကို ခပ်သိမ်းလွတ်ငြိမ်းချမ်းသာခွင့်ပေး၍၎င်းတို့၏သူကြီးအားရုပ်ပွားတော်တို့ကိုစောင့်ရှောက် ထိန်းသိမ်းရေးကိစ္စဆောင်ရွက်ဖွယ်အ၀၀တိုင်းကိုအမိန့်အာဏာများအပ်နှင်းပြီး အထူးထိန်းသိမ်းစောင့်ရှောက်စေခဲ့သည်။၎င်းအသည်တော်တို့နေထိုင်ရာရပ်ကွက်၌စစ်ဘေး၊စစ်ဒဏ် ရန်အန္တရာယ်ကင်းရှင်းစေသောအကြောင်းအရင်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၌ဘုရားကိုယ်စားရုပ်ပွားဆင်းထု၊စေတီပုထိုးတို့ကို ထိန်းသိမ်းစောင့်ရှောက်ကိုးကွယ်ထားသောကျွန်သီးတော်ခေါ်အသည်တော်များ
နေထိုင်ရာရပ်ကွက်ကိုမည်သူမဆို
ဝင်ရောက်တိုက်ခိုက်နှောက်ယှက်ထိပါးဖျက်ဆီးခြင်း
မပြုလုပ်ရဟူသောဘာသာတရားအရ ရန်သူတစ်ဦးတစ်ယောက်မျှဝင်ရောက်နှောင့်ယှက်ခြင်းမပြုရဟူ
သောဘာသာထုံးတမ်းဥပဒေပညတ်ချက်အရလွတ်ငြိမ်းချမ်းသာစွာနေထိုင်ရသောသူများဖြစ်သည့်အလျောက် ၎င်းတို့နေထိုင်ရာရပ်ကွက်၌စစ်ဘေး၊စစ်ဒဏ်ရန်အန္တရာယ်ကင်းရှင်းခြင်းဖြစ်သည်။၎င်းရပ်ကွက်ကား
ရွှေအင်းတိမ်ဘုရားကြီး၏အရှေ့ဘက်မြောင်ဆုံရွာအနောက်တောင်အင်းတိမ်မြို့ဟောင်းတောင်ဘက် ယခုဆော်မရွာဟုခေါ်သောရပ်ကွက်ပင်ဖြစ်လေသည်။ဆော်မရွာအနောက်ဘက်တွင်ဖောင်တော်ဦးရွာဟု
ရှေးကရှိခဲ့သည်။၎င်းရွာသည်အယုတ်တော်များနေရာရပ်ကွက်ဖြစ်သည်ဟုယခုလက်ရှိအသည်တော်များ၊ လူကြီးများနှုတ်အမှတ်အသားထားရှိခဲ့ကြကြောင်းသိရှိရသည်။၎င်းဖောင်တော်ဦးရွာတွင် သီတင်းသုံးတော်မူသောအချိန်မှစ၍၎င်းရုပ်ပွားတော်များကိုဖောင်တော်ဦးဘုရားဟုတင်စား၍
ခေါ်ဝေါ်ခဲ့ကြသည်။

ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီခြင်း၊

ဖောင်တော်ဦးရုပ်ပွားတော်မြတ်တို့ကိုအသည်တော်များကအစဉ်အလာမပျက်ဆက်လက်ကျင်းပလာခဲ့သော မူလပွဲတော်ရက်ဖြစ်သည့်သီတင်းကျွတ်လဆန်း(၇)ရက်နေ့တွင်ညောင်ရွှေမြို့သို့အရောက် ပင့်ဆောင်ရမည်ဟုအာဏာပိုင်တို့အမိန့်ပညတ်ချက်များအရ…
သီတင်းကျွတ်လဆန်း (၅) ရက်၊ ဆော်မရွာ ကျောင်းတော်မှ အောက်သို့ဆင်းကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၆) ရက်၊ ဟဲယာရွာမသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၇) ရက်၊ ညောင်ရွှေမြို့ သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၈) ရက်၊ နမ့်သဲရွာသို့ကြွ နေ့ဆွမ်းကပ်ပြီးလျှင် နမ့်ပန်သို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နောင်တောရွာသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ရွာကြီးဘန်းပုံသို့ကြွ (၁) ညစံ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ ဆော်မရွာကျောင်းတော်သို့ အရောက်ကြွတော်မူကာ
မြို့ရွာနေ၊ပြည်သူပြည်သားတို့၏အပူဇော်ခံ(၈)ဌာနပွဲတော်သဘင်ကိုစည်ကားသိုက်မြိုက် စွာဆင်ယင်ကျင်းပခဲ့လေသည်။သက္ကရာဇ် (၁၁၃၃)ခုနှစ်အချိန်ကာလတွင်အင်းတိမ်ဆော်မရွာရှိဖောင်တော်ဦးကျောင်းတော်ကိုမီးသင့်လောင်သဖြင့် ရွာကြီးဘန်းပုံအရပ်တွင်ကျောင်းတော်ဆောက်လုပ်ပြီး ရုပ်ပွားတော်(၅)ဆူကိုပင့်တင့်ရွှေ့ပြောင်းပြီးလျှင်
စောင့်ရှောက်ထားရာမှသက္ကရာဇ်(၁၂၄၃)ခုနှစ်တွင်ရွာကြီးဘန်းပုံကျောင်းတော်မှသာလေးတိုက်နမ့်ဟူးရွာ နမ့်ဟူးကျောင်းတော်သို့ရွှေ့ပြောင်းစောင့်ရှောက်ခဲ့လေသည်။ထို့နောက်မူလ(၈)ဌာနသို့ဒေသစာရီကြွချီရာမှ (၁၉)ဌာနတိုင်အောင်ကြွချီတော်မူပြန်သည်။

သီတင်းကျွတ်လဆန်း (၃) ရက်၊ မူလဂန္ဓကုဋီမှကျောင်းဦး ဗုဒ္ဓါသန ပလ္လင်တော်
သီတင်းကျွတ်လဆန်း (၄) ရက်၊ ကျောင်းတော်မှ အင်းတိမ်
သီတင်းကျွတ်လဆန်း (၅) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ ဟဲယာရွာမမှ ညောင်ရွှေ (၂)ညကျိန်း
သီတင်းကျွတ်လဆန်း (၉) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၉) ရက်၊ နမ့်သဲမုန့်ထုပ်မှ လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ လင်းကင်းမှ ကြေးစား (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၄) နာရီ
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ သလဲဦးမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ငါးဖယ်ချောင်မှ ဇရပ်ကြီး (၁) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဇရပ်ကြီးမှ ဘုရားပေါက် (၅) နာရီ
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ဘုရားပေါက်မှ နမ့်ပန် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ နမ့်ပန်မှ နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ နောင်တောမှ မန်ကျည်းဆိပ် (၃) နာရီ
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ မန်ကျည်းဆိပ်မှ ကျိုမ့်ခမ်း (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ ကျိုင့်ခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (၅) နာရီခွဲ
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ အင်းပေါခုံမှ ရွာကြီးရေသာ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော်(၃)ရက်၊ ကျောင်ဦးဗုဒ္ဓါသနပလ္လင်မှ မူလဂန္ဓကုဋီတိုက်သို့ဒေသစာရီကြွချီတော်မူလေသည်။
ယခုအခါတွင်တော်သလင်းလကွယ်နေ့မှစ၍သီတင်းကျွတ်လပြည့်ကျော်(၃)ရက်နေ့အထိတိုင်အောင်(၁၈) ရက်ဒေသစာရီကြွချီတော်မူသောအရပ်ဒေသများမှာ…
တော်သလင်းလကွယ်နေ့ မူလ ဂန္ဓကုဋီတိုက်မှ ကျောင်းဦး ဗုဒ္ဓါသနပလ္လင်တော်
သီတင်းကျွတ်လဆန်း (၁) ရက်၊ ကျောင်းတော်မှ အင်းတိမ်သို့ကြွ (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၂) ရက်၊ အင်းတိမ်မှ ဟဲယာရွာမ (၂) ညကျိန်း
သီတင်းကျွတ်လဆန်း (၄) ရက်၊ ဟဲယာရွာမမှ ငါးဖယ်ချောင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၅) ရက်၊ ငါးဖယ်ချောင်းမှ ကြေးစားကုန်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၆) ရက်၊ ကြေးစားကုန်းမှ ပွဲစာကုန်း (နေ့ဆွမ်း) လင်းကင်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၇) ရက်၊ လင်းကင်းမှ ညောင်ရွှေမြို့
သီတင်းကျွတ်လဆန်း (၁၀) ရက်၊ ညောင်ရွှေမှ နမ့်သဲမုန့်ထုပ် (နေ့ဆွမ်းး) မိုင်းသောက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၁) ရက်၊ မိုင်းသောက်မှ သလဲဦး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၂) ရက်၊ သလဲဦးမှ ကေလာ (နေ့ဆွမ်း) ဇရပ်ကြီး (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၃) ရက်၊ ဇရပ်ကြီးမှ နန်းပန်ဘုရားပေါက် (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ဘုရားပေါက်မှ မန်ကျည်းဆိပ် (နေ့ဆွမ်း) ကျိုင်းခမ်း (၁) ညကျိန်း
သီတင်းကျွတ်လဆန်း (၁၅) ရက်၊ ကျိုင်းခမ်းမှ မိုင်းပျို့ (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ မိုင်းပျို့ မှ အင်းပေါခုံ (နေ့ဆွမ်း) နောင်တော (၁) ညကျိန်း
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ နောင်တောမှ ရွာကြီးရေသေ (၁) ညကျိန်းသီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ ရွာကြီး ရေသေမှ မူလဂန္ဓာကုဋီတိုက်သို့ ပြန်လည်ရောက်ရှိတော်မူပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: http://thesupernaturalmyanmar.blogspot.com