မနေ့ကညက Selena Gomez နဲ့ the Weeknd တို့တွဲနေကြပြီဆိုတဲ့ သတင်းတက်လာပြီးတဲ့နောက် သူတို့နှစ်ယောက် နမ်းနေတဲ့ပုံတွေပါ အွန်လိုင်းပေါ် ပျံ့သွားခဲ့ပါတယ်။ ဒီသတင်းတွေကို the Weeknd ရဲ့ ရည်းစားဟောင်းဖြစ်သူ Bella Hadid ကလည်း မြင်သွားပုံပါပဲ။ ချက်ချင်းဆိုသလို သူမရဲ့ instagram အကောင့်ထဲဝင်ပြီး Gomez ကို unfollow လုပ်လိုက်ပါတယ်။ 
 
Selena Gomez ကို unfollow လုပ်ပေမယ့် သူမရဲ့ရည်းစားဟောင်းဖြစ်သူ the Weeknd ကိုတော့ ခုချိန်ထိ unfollow မလုပ်သေးပဲ ထားထားတာ တွေ့ရပါတယ်။ Gomez နဲ့ Hadid တို့ဟာ အရင်တုန်းကတော့ သူငယ်ချင်းအဖြစ် တွဲခဲ့ပုံရပါတယ်။ ၂၀၁၅ စက်တင်ဘာတုန်းက မိန်းကလေးသူငယ်ချင်းတွေ စုရိုက်ထားတဲ့ ဓာတ်ပုံမှာဆိုရင် Gomez နဲ့Hadid တို့ ဘေးချင်းကပ်ထိုင်နေတာကို မြင်တွေ့ခဲ့ရတာပါ။ Instagram မှာလည်း တစ်ယောက်နဲ့တစ်ယောက် Like လုပ်ထားတဲ့ပုံလေးတွေ ရှိပါတယ်။
 
အားလုံးသိတဲ့အတိုင်း Hadid နဲ့ the Weeknd တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက လမ်းခွဲပြတ်ဆဲခဲ့ကြပြီး သူငယ်ချင်းအဖြစ်သာ ဆက်လက်တည်ရှိနေတာပါ။ ဒါကို Victoria's Secret ဖက်ရှင်ရှိုးမှာ သူတို့နှစ်ဦးတွေ့ဆုံချိန် ပြုံးပြနှုတ်ဆက်ကြတာကို ကြည့်ပြီးတော့ သိနိုင်ပါတယ်။ Hadid ကတော့ the Weeknd နဲ့ကွဲသွားပြီးကတည်းက ခုချိန်ထိ ဘယ်သူနဲ့မှ ဒိတ်တာမျိုး မရှိသေးပါဘူး။ 
 
Ref:cosmopolitan