Future Motion ဟာ Onewheel မူလရှေးပြေးပုံစံငယ်ကို CES မှာ ၂၀၁၄ က စတင်မိတ်ဆက်ခဲ့ပြီး နောက်ဆုံးဗားရှင်းကို CES မှာပဲ ၂၀၁၅ ခုနှစ်က မိတ်ဆက်ခဲ့ပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီအနေနဲ့ ဟန်ချက်ညီအောင် ထိန်းရတဲ့ လျှပ်စစ်စကိတ်လျှောပြား Onewheel+ နောက်ဆုံးဗားရှင်းကို CES မှာ  ၂၀၁၇ အတွင်း မိတ်ဆက်ခဲ့ပါတယ်။

Onewheel က ဟန်ချက်ညီအောင်ထိန်းပြီး စီးရတဲ့ လျှပ်စစ်စကိတ်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဘီးနေရာအတွက် အလယ်ဖောက်ထားတဲ့ သစ်သားနဲ့ သတ္တုပြားနဲ့ ပြုလုပ်ထားပြီး မော်တာတချို့ကြောင့် လမ်းမ၊ လမ်းဘေးစင်္ကြနဲ့ မြက်ခင်းပြင်တွေပေါ်မှာ စီးလို့ ရစေပါတယ်။

အဆိုပါ Onewheel သစ်လေးဟာ ၁နာရီ ၁၉ မိုင်နှုန်းခရီးပေါက်နိုင်ပြီး ပိုမိုသိမ်မွေ့ငြိမ့်ညောင်းတဲ့ လျှပ်စစ်မော်တာ ပါဝင်လာဖို့ ရှိကာ တောင်ကုန်းနေရာလေးတွေမှာလည်း အသုံးပြုနိုင်မယ်လို့ Future Motion ရဲ့ အဆိုအရ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း $1499 နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ဒီအဆင့်မြင့်တင်မှုအားလုံးက စီးနင်းရ ပိုမိုအဆင်ပြေစေမှာ ဖြစ်သလို ထူးခြားတဲ့ ဒီဇိုင်းဖြစ်အောင်လည်း ထည့်သွင်းစဉ်းစားထားပါတယ်။ အရင်က Onewheel လိုဟာမျိုး စီးဖူးကြလိမ့်မှာမဟုတ်ကြောင်း ယင်းကုမ္ပဏီက ဆိုပါတယ်။

Ref: theverge